နေပြည်တော် ဖေဖော်ဝါရီ ၁ဝ
ရန်ကုန်မြို့တွင် အခြေစိုက်သည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ တော်ဆိုင်ရာ သြစတြေးလျနိုင်ငံ
သံအမတ်ကြီး မစ္စတာ နီကိုးလတ်ကော့ပယ်လ်အား သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် အဆိုပြုခြင်းကို
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက သဘောတူပြီးဖြစ်သည်။
မစ္စတာနီကိုးလတ်ကော့ပယ်လ်အား ၁၉၅၈ ခုနှစ် မတ် ၁၃ ရက် တွင် မွေးဖွားခဲ့သည်။ ၄င်းသည်
သြစတြေးလျ အမျိုးသားတက္ကသိုလ်မှ စီးပွားရေး ဘာသာရပ်ဖြင့် ဝိဇ္ဇာဘွဲ့ရရှိခဲ့ပြီး လန်ဒန်စီးပွားရေးကျောင်းမှ
စီးပွားရေး စီမံခန့်ခွဲမှုမဟာဘွဲ့ ရရှိခဲ့သည်။
မစ္စတာနီကိုးလတ်ကော့ပယ်လ်သည် ၁၉၈၆ ခုနှစ်မှ ၂ဝ၁၃ ခုနှစ်အထိ သြစတြေးလျနိုင်ငံ နိုင်ငံခြားရေးနှင့်
ကုန်သွယ်ရေး ဝန်ကြီးဌာနနှင့် ဝါရှင်တန်မြို့၊ မနီလာမြို့နှင့် ပို့မောစဘီမြို့ရှိ သြစတြေးလျ
သံရုံးများတွင် ရာထူးအဆင့်ဆင့်ဖြင့် တာဝန်ထမ်းဆောင်သည်။ ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလမှ ယနေ့အထိ
သြစတြေးလျနိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ် ရေးဝန်ကြီးဌာန လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး
အထူးအဖွဲ့တွင် လက်ထောက် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။
No comments:
Post a Comment