Home

Tuesday, February 3, 2015

ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းပြုစုခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း

စစ်တွေ  ဖေဖော်ဝါရီ         
ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းပြုစုခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၃ ရက် နံနက် ၁၀ နာရီက ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။



အခမ်းအနားတွင် ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးအောင်မြက မဲဆန္ဒရှင်စာရင်း ပြုစုခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးသူရိန်ထွဋ်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မူဝါဒဆိုင်ရာညွှန်ကြားချက်များအား ဖတ်ကြားတင်ပြပြီးနောက် မဲဆန္ဒရှင် စာရင်းကောက်ယူခြင်းအခြေအနေကိစ္စရပ်များအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ စစ်တွေ၊ မြောက်ဦး၊ မောင်တော၊ ကျောက်ဖြူ၊ သံတွဲခရိုင်တို့မှ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဌများက မိမိတို့ခရိုင်အလိုက် မဲဆန္ဒရှင် စာရင်းကောက်ယူခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီးနောက် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ကိုယ်စား ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းနိုင်ထွန်းက မဲဆန္ဒရှင်စာရင်းပြုစုခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌက နိဂုံးချုပ်အမှာစကား ပြောကြားကာ ညှိနှိုင်းအစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

No comments:

Post a Comment