Home

Monday, February 9, 2015

နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသည်များ သန်လျင်မြို့တွင်းလေ့လာ





ရန်ကုန် ဖေဖော်ဝါရီ
နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များသည် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များသို့ တစ်ဦးချင်းစီသော် လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း လာရောက်လေ့လာလျက်ရှိရာ ဖေဖော်ဝါရီ ရက် နံနက် ၁၁နာရီက သန်လျင်မြို့နယ် မြို့မတောင်ရပ်ကွက်အတွင်း နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်များ အနှေးယာဉ်ဆိုက်ကားများစီး၍ ပျော်ရွှင်စွာ လေ့လာနေကြသည်ကို တွေ့ရသည်။

''ကမ္ဘာလှည့်ခရီးသည်တွေ မကြာခဏသန်လျင်မြို့ကို လာရောက်လေ့ လာကြပါတယ်။ ၂ဝ၁၃ ခုနှစ်ကနေ ၂ဝ၁၄-၂ဝ၁၅ ထိ ကမ္ဘာလှည့်ခရီး သည်တွေ လာရောက်လေ့လာမှု အများဆုံးရှိခဲ့ပါတယ်။ လာရောက်လေ့လာ တိုင်း အများဆုံး ဆိုက်ကား၊ မြင်းလှည်းတွေစီးပြီး မြို့တွင်းကိုလှည့်လည် လေ့လာကြပါတယ်။ ယခုလို နိုင်ငံခြားသားကမ္ဘာလှည့် ခရီးသည်တွေ လာရောက်လေ့ လာခြင်းကြောင့် ကျွန်တော်တို့ အနှေးယာဉ် ဆိုက်ကားနဲ့ မြင်းလှည်းသမားတွေ ဝင်ငွေကောင်းပါတယ်။ ဒါကြောင့် ကျွန်တော်တို့မြန် မာနိုင်ငံကို နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များ လာရောက်လေ့လာဖို့ ဖိတ်ခေါ်ပါတယ်''ဟု အနှေးယာဉ်လုပ်သား ကိုမျိုးချစ်က ပြောသည်။

No comments:

Post a Comment