Home

Tuesday, February 10, 2015

တပ်မတော်စစ်ကြောင်းများနှင့် ကိုးကန့်တိမ်းရှောင်အဖွဲ့ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွား

နေပြည်တော် ဖေဖော်ဝါရီ ၁၀
နယ်မြေခံပြည်သူလူထု၏ သတင်းပေးချက်အရ တပ်မတော်စစ်ကြောင်းများက လောက်ကိုင်ဒေသ အတွင်း နယ်မြေရှင်း လင်းခြင်းများ ဆောင်ရွက်ခဲ့ရာ ကိုးကန့်တိမ်းရှောင်အဖွဲ့များနှင့် ဖေဖော်ဝါရီ (၉)ရက်မှ စတင်၍ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယနေ့တွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိသည်။


လောက်ကိုင်မြို့ အနောက်တောင်ဘက် တောက်ရွှေကျေးရွာအနီး ဖေဖော်ဝါရီ (၉)ရက်တွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သော ကိုးကန့်တိန်းရှောင်အဖွဲ့အား နယ်မြေအတွင်းအခြေပြုလှုပ်ရှားနိုင်ခြင်း မရှိစေရေးအတွက် ယနေ့တွင် တပ်မတော် စစ်ကြောင်းများက ၎င်းတို့ဆုတ်ခွာရာ အနောက်ဘက်နှင့် အနောက်မြောက်ဘက်သို့ ထပ်ကြပ်လိုက်လံ ရှင်းလင်းခြင်း များ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် လောက်ကိုင်မြို့ အနောက်မြောက် ဘက်ရှိ ညံခွမ်းကျေးရွာ၏ အရှေ့ဘက် တစ်ဝိုက်တွင် ၃ ကြိမ်၊ တာရွှေထန်ကျေးရွာအနောက်မြောက်ဘက်တွင် ၁ ကြိမ်ကိုးကန့်တိမ်းရှောင် အဖွဲ့မှ အင်အားစု များနှင့် တွေ့ဆုံ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းခြင်းများ ကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment