မြိတ် ဖေဖော်ဝါရီ ၁
မြိတ်မြို့တွင် ကျောင်းသား/သူများအား ဗုဒ္ဓဘာသာကို အခြေခံတဲ့ စာရိတ္တမြင့်တင်ရေးနှင့် လိမ္မာယဉ် ကျေးပြီး အနာဂတ် ဘဝ တိုးတက်မြင့်မားစေရန်အတွက်
ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော ဓမ္မစကူးလ်သင်တန်းဆင်း ပွဲကို ဖေဖော်ဝါရီလ(၁)ရက် နံနက်(၈)နာရီက
မန္တလေးကျောင်းတိုက် ကျင်းပခဲ့ရာ ဆရာတော် သံဃာတော်များ၊ သင်တန်းနည်းပြများ၊ သင်တန်း
သား/သူများ၊ အကျိုးဆောင်အဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားကို တက်ရောက်လာကြသူများက နမောတဿ(၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍
ဖွင့်လှစ်ခဲ့ကြ သည်။ ယင်းနောက် မြိတ်မြို့နယ် ဓမ္မစကူးလ်ဖောင်ဒေးရှင်း ဥက္ကဌ မော်တောင်ကျောင်း
ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သြဝါဒကထာများ နာယူကြသည်။
မန္တလေးကျောင်းတိုက် ဓမ္မစကူးလ်သင်တန်းဆရာမတစ်ဦးက သင်တန်းနှင့်ပတ်သက်၍ လျှောက်ထားခဲ့သည်။ ယင်းနောက် အလှူရှင်များက ဆရာတော်များအား လှူဖွယ်ပစ္စည်းများ
ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သင်တန်းတွင် အဘက်ဘက်မှ ကူညီဆောင်ရွက်ပေးသူများအား ဂုဏ်ပြုမှတ်တမ်းများ
ပေးအပ်သည်။
ဆက်လက်၍ မြိတ်မြို့နယ် ဓမ္မစကူးလ်ဖောင်ဒေးရှင်း ဥက္ကဌ မော်တောင်ကျောင်း ဆရာတော်
နှင့် သံဃာတော် များမှ ထူးချွန်သူများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး
သင်တန်းဆရာမများက သင်တန်း သားများ အား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြသည်။
အဆိုပါ သင်တန်းကို မန္တလေးကျောင်းတိုက်တွင် ကျောင်းသား/သူ (၂၀ဝ)ဦးခန့်ကို (၂၀၁၄)ခုနှစ်
မေလ(၄)ရက်မှ (၂၀၁၅) ခုနှစ် ဇန်နဝါရီလ(၂၅)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment