Home

Thursday, February 5, 2015

မြန်မာ့မီးရထားလုပ်ငန်းများ အဆင့်မြင့်ခေတ်မီနိုင်ရေးအတွက် ဂျပန်နိုင်ငံ၊ ရထားမူဝါဒ အကြံပေးအဖွဲ့မှ ပြည်ထောင်စု ဝန်ကြီးနှင့် လာရောက်တွေ့ဆုံဆွေးနွေး



နေပြည်တော် ဖေဖော်ဝါရီ  ၅
ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးအား ဂျပန်နိုင်ငံ၊ ရထားမူဝါဒ အကြံပေးအဖွဲ့မှ JICA Expert Mr. Mitsuo Higashi နှင့်အဖွဲ့သည် ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စု ဝန်ကြီးရုံး ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

ယင်းသို့တွေ့ဆုံရာတွင် Mr. Mitsuo Higashi က မြန်မာ့မီးရထားစနစ် ခေတ်မီအဆင့်မြင့်လာအောင် ဆောင်ရွက်ရေးနှင့် ပုဂ္ဂလိကလုပ်ငန်း ပြောင်းလဲဆောင်ရွက်ရေးတို့နှင့် ပတ်သက်၍ ကြုံတွေ့နေရ သည့် စိန်ခေါ်မှုများအပေါ် အကြံပြုဆွေးနွေးပါသည်။ ယင်းအကြံပြု ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက ပြန်လည်သုံးသပ်၍ ဆွေးနွေးပါသည်။

အဆိုပါဆွေးနွေးပွဲတွင် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးချန်မောင်နှင့် မြန်မာ့မီးရထားမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရှိရသည်။

No comments:

Post a Comment