Home

Monday, February 9, 2015

ရန်ကုန်-မော်လမြိုင် အမှတ် (၃၅)အဆန် လူစီးအမြန်ရထားလမ်းချော်



မော်လမြိုင် ဖေဖော်ဝါရီ
ရန်ကုန်မှ မော်လမြိုင်သို့ စက်ခေါင်းမောင်း ဦးတင်ဝင်းနှင့်ရထားထိန်း ဦးခင်ကြိုင်တို့ လိုက်ပါတာဝန်ထမ်း ဆောင်သော ရန်ကုန်-မော်လမြိုင် အမှတ် (၃၅)အဆန် အမြန်လူစီးရထားသည် ဖေဖော်ဝါရီ ရက် မွန်းလွဲ နာရီ မိနစ် ၂ဝ ခန့်က ကျိုက္ကသာဘူတာနှင့်ဘူတာကြီး ဘူတာကြားရထားလမ်း မိုင်တိုင်အမှတ်(၉၄/၃မှ၅)တွင် စက်ခေါင်း၏ နှစ်တွဲမြောက BDUEZ 12737 အထက်တန်းလူစီးတွဲ ဘီးအမှတ်(/) သံလမ်းအပြင်သို့ကျသွားပြီး ဘီးအမှတ်(/)မှာ သံလမ်းအတွင်းသို့ တစ်ပေခန့် ကွာကျသွားကြောင်း သိရသည်။

 အဆိုပါ ရထားလမ်းချော်ကျသည့်နေရာသို့ မြန်မာ့မီးရထား အမှတ်() တိုင်း မော်လမြိုင်မှ သွားလာပို့ဆောင်ရေး တိုင်းတာဝန်ခံ ဦးစိုးရွှေ၊ အင်ဂျင်နီယာ မှူးစက် မှုမန်နေဂျာ ဦးစန်းဦး၊ အင်ဂျင်နီယာမှူး မြို့ပြ ဦးစန်းအောင်၊ မုပ္ပလင်ဘူတာနှင့်သထုံဘူတာမှ တွဲပြင်လုပ်သားများက လမ်းချော်ကျသည့်ဘီး များကို မတင်ခဲ့ကြောင်း သိရသည်။
 ရထားလမ်းချော်ကျမှုကြောင့် ခရီးသည်တစ်ယောက်မျှ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း၊ လမ်းချော်ကျမှုနှင့် ပတ်သက်၍ တာဝန်ရှိသူများက အသေးစိတ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment