Home

Friday, February 6, 2015

မြန်မာနိုင်ငံနှင့် ဖင်လန်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ပိုမို ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး


နေပြည်တော် ဖေဖော်ဝါရီ 

အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ဖင်လန်နိုင်ငံ၊ စီးပွားရေးဝန်ကြီး H.E. Mr. Jan Vapaavuori ဦးဆောင်သည့် စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့ အား ယနေ့ ညနေ ၄ နာရီအချိန်တွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။


တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်း၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်-ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူး ချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဖင်လန်နိုင်ငံ စီးပွားရေးဝန်ကြီး H.E. Mr. Jan Vapaavuori ဦးဆောင်သည့် စီးပွားရေး ကိုယ်စားလှယ်အဖွဲ့ တက်ရောက် ခဲ့ကြပါသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်က မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးကာလ ဆောင်ရွက်ချက်များနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် (၄)ရပ်၊ အမျိုးသားစီမံကိန်းကို ဗဟိုစီမံကိန်းချစနစ် (Top-Down System)မှ အောက်ခြေမှ ရေးဆွဲတင်ပြသည့်စနစ် (Bottom-Up System)သို့ ပြောင်းလဲဆောင်ရွက်မှုများ၊ အသွင် ကူးပြောင်းရေး ကာလတွင် တွေ့ကြုံရသည့် ဘဏ္ဍာရေး၊ လူ့စွမ်းအားအရင်းအမြစ်နှင့် နည်းပညာ ဆိုင်ရာ စိန်ခေါ်မှုများ၊  မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးနှင့် အကာအကွယ်ပေးရေး ဆိုင်ရာ သဘောတူစာချုပ်များ ချုပ်ဆိုခဲ့သည့်အခြေအနေများ၊ နှစ်(၂၀) အမျိုးသား ဘက်စုံဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (NCDP) ရေးဆွဲမှုအခြေအနေ၊ ပထမငါးနှစ်စီမံကိန်းတွင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစဉ် (၇)ရပ်၊ တတိယအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ကျင်းပမည့်ကိစ္စနှင့် ဖွံ့ဖြိုးမှု မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများနှင့် ဖင်လန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရန် ဖိတ်ခေါ်ကြောင်း ဆွေးနွေး ခဲ့ပါသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိန်းက ဘဏ္ဍာရေး ဝန်ကြီးဌာနအနေဖြင့် ငွေကြေးကဏ္ဍ ပြုပြင်ပြောင်းလဲ ဆောင်ရွက်မှုအခြေအနေများ၊ အာမခံစနစ်၊ ဘဏ်လုပ်ငန်းနှင့် အသေးစားငွေချေးလုပ်ငန်းများ ဆောင်ရွက်မှုများ၊ အဓိကကျသည့် ပြုပြင်ပြောင်းလဲမှုများဖြစ်သည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို သီးခြား လွတ်လပ်သည့် အဖွဲ့အစည်း အဖြစ်ပြောင်းလဲမှု၊ ငွေလဲလှယ်မှုနှုန်းထားများကို တစ်ပြေးညီဖြစ်အောင် ဆောင်ရွက်မှု၊ အာမခံလုပ်ငန်းများတွင် ပုဂ္ဂလိကကဏ္ဍအား ပါဝင်ဆောင်ရွက်ခွင့် ပြုမှုနှင့် ငွေတိုက်ဦးစီးဌာန အသစ် ဖွင့်လှစ်မှုအခြေအနေများကို ဆွေးနွေးခဲ့ပါသည်။

ထို့နောက် ဖင်လန်နိုင်ငံ စီးပွားရေးဝန်ကြီး H.E. Mr. Jan Vapaavuori နှင့် စီးပွားရေး ကိုယ်စားလှယ်များမှ သိရှိလိုသည့်ကိစ္စများကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment