Home

Sunday, February 15, 2015

မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီး၌ ၂၀၁၄ ခုနှစ်အတွင်း ဆေးရုံတက်ရောက်ကုသသူ လူနာပေါင်း ၅၀၀၀၀ ကျော်ရှိ

မန္တလေး ဖေဖော်ဝါရီ ၁၄
အထက်မြန်မာပြည် ပြည်သူလူထု ၏ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနေသည့် မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီးတွင် ၂ဝ၁၄ ခုနှစ် တစ်နှစ်တာစာရင်းများအရ ဆေးရုံ တက်ရောက်ကုသသောလူနာပေါင်း ၅ဝဝဝဝ ကျော်ရှိကြောင်း ဆေးရုံကြီး မှတ်တမ်းများအရ သိရသည်။

နိုင်ငံတော်အစိုးရက ၂ဝ၁၃ ခုနှစ်မှစ၍ ကျန်းမာရေးအသုံးစရိတ် ဘတ်ဂျက်များ ပိုမိုချထားပေးမှုကြောင့် ခေတ်မီရောဂါ ရှာဖွေရေး စက်ကိရိယာ များတပ်ဆင်ပေးခြင်း၊ လိုအပ်သော ဆေးဝါးများ ကူညီထောက်ပံ့ ပေးခြင်း နှင့် လူနာများ စိတ်ကြည်လင်ချမ်းမြေ့၍ သက်သောင့်သက်သာကုသမှုခံယူ နိုင်ရန် ဆေးရုံကြီး သန့်ရှင်း သာယာရေး လုပ်ငန်းများ အဓိကလုပ်ဆောင်နေမှု ကြောင့် ပြည်သူများယုံကြည်အားကိုးမှု ရရှိလာကာ တစ်နှစ်ထက်တစ်နှစ် တက်ရောက်ကုသမှု ပိုမိုများပြားလာ ခြင်းဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ဦးဝင်းက ပြောသည်။
'' ၂ဝ၁၃ ခုနှစ်ကစပြီး မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးရဲ့ အရေးပေါ်ဌာနကို ရောက်ရှိလာတဲ့ မည်သည့်လူနာမဆိုခွဲတာ၊ စိတ်တာ၊ ရောဂါရှာဖွေစမ်းသပ်တာကအစ အခ မဲ့ဆောင်ရွက်ပေးနေပါပြီ။ ဒီလို ဆောင်ရွက်ပေးပြီး စနစ်တကျ ဆက်လက်ကုသမှု ခံယူဖို့လိုအပ်တဲ့ လူနာတွေကို သက်ဆိုင်ရာလူနာ ဆောင်တွေမှာ နေရာချထားပေးပြီး ကုန်ကျမှုအနည်းဆုံးနဲ့ ကုသနိုင် အောင်လည်း ကျန်းမာရေးဝန်ထမ်း တွေအားလုံးက ဝိုင်းဝန်းဆောင်ရွက် ပေးနေပါတယ်'' ဟု ပြောသည်။
မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးတွင် ငါးနှစ်တာကာလ အတွင်း ၂ဝ၁၄ ခုနှစ်သည် တက် ရောက် ကုသသူလူနာအများဆုံးနှစ် ဖြစ်ပြီး ၂ဝ၁ဝ ပြည့်နှစ်တွင် ၃၈၅၂၆ ဦး၊၂ဝ၁၁ ခုနှစ်တွင် ၄၁၇၅၈ ဦး၊ ၂ဝ၁၂ ခုနှစ်တွင် ၄၇ဝ၈၄ ဦး၊ ၂ဝ၁၃ ခုနှစ်တွင် ၅၂၇၇၆ ဦးနှင့် ၂ဝ၁၄ ခုနှစ် တွင် ၅၅ဝ၉၉ ဦးရှိခဲ့ကြောင်း သိရ သည်။
အောင်ရဲသွင်

No comments:

Post a Comment