Home

Sunday, February 8, 2015

ငါ့သရောက်-ညောင်ဦး ကျောက်ချောလမ်း၊ မိုးရေတိုက်စားမှုကြောင့် လမ်းပျက်စီးမှု အခြေအနေများကို အလှူရှင် စနစ်ဖြင့် ပြုပြင်သွားရန် စီစဉ်လျက်ရှိ



ငါ့သရောက်   ဖေဖော်ဝါရီ     
ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ ပူးပေါင်းပြီး ငါ့သရောက် - ညောင်ဦး ကျောက်ချောလမ်း တစ်လျှောက် မိုးရေ တိုက်စားမှုကြောင့် ပျက်စီး နေသည့် နေရာများကို
အလှူရှင်စနစ်ဖြင့် ပြုပြင်နိုင်ရန် အတွက် ဖေဖော်ဝါရီ ၁ ရက် နေ့က မြို့နယ်အတွင်းရှိ ကျောက်သယ်ယာဉ် လုပ်ငန်းရှင်များ၊ ငါ့သရောက်-ညောင်ဦးသို့ နေ့စဉ် ပြေးဆွဲ လျက် ရှိသည့် မော်တော်ယာဉ် ပိုင်ရှင် များနှင့် မြို့မိ၊ မြို့ဖများကို မြို့နယ် အထွေထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ခေါ်ယူတွှေ့ဆုံပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် ပေါင်းစပ် ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထိုသို့  မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၊ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ် လုပ်ငန်းရှင်များ  နေ့စဉ် ကူးလူးဖြတ်သန်း သွားလာလျက် ရှိသည့် ငါ့သရောက်-ညောင်ဦး ကျောက်ချောလမ်း တစ်လျှောက် ပျက်စီးနေသည့် နေရာများကို မြေနီခင်းမြေညှိခြင်းများ ပြန်လည်ပြုပြင် ဆောင်ရွက်နိုင်ရန် အတွက် တာဝန်ရှိသူ များက စေတနာရှိသရွေ့ အလှူငွေများ ပါဝင်လှူဒါန်းနိုင်ရေးနှင့် လိုအပ်သည့် အကူအညီများ ပါဝင်ကူညီ ဆောင်ရွက်နိုင်ရေး တို့ကို ညှိနှိုင်း ဆွေးနွေးခဲ့ကြပြီး၊ မြို့နယ် အတွင်းရှိ ကျောက်သယ်ယာဉ် လုပ်ငန်းပိုင်ရှင် (၁၂) ဦးခန့်က တစ်ဦးလျှင် အလှူငွေ ကျပ်(၈၀၀၀၀ိ/-)ခန့် ထည့်ဝင်လှူဒါန်းခဲ့ကြောင်း၊ နေ့စဉ် ငါ့သရောက် - ညောင်ဦး သို့ ပြေးဆွဲနေသည့် မော်တော်ယာဉ် များမှလည်း အလှူငွေများ ထည့်ဝင်လှူဒါန်း သွားမည်ဖြစ်ကြောင်းနှင့် မိုးရေ တိုက်စားမှုကြောင့် ပျက်စီးနေသည့် ငါ့သရောက်-ညောင်ဦး ကျောက်ချောလမ်းအား လွယ်ကူ ချောမွေ့စွာ သွားလာနိုင်ရေး ပြုပြင်သွားရန် စီစဉ်ဆောင်ရွက် လျက် ရှိကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။ 

No comments:

Post a Comment