Home

Sunday, February 8, 2015

ရမည်းသင်းမြို့ သီလ၀ခန်းမဖွင့်ပွဲနှင့် ကျောက်ဖူးကျေးရွာ အလယ်တန်းကျောင်း ဖွင့်ပွဲသို့ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် တက်ရောက်ဖွင့်လှစ်




နေပြည်တော် ဖေဖော်ဝါရီ 
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ရမည်းသင်းမြို့ သီလ၀ခန်းမ၌ ကျင်းပသည့် သီလ၀ခန်းမဖွင့်ပွဲ၊ စေတနာမွန်ကုသိုလ်ဖြစ်ဆေးခန်းနှင့် လူမှုထူးချွန် စာကြည့်တိုက် ပညာရေးဖောင်ဒေးရှင်းနှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားသည်။
အခမ်းအနားတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုနီ၊ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးအောင်မောင်း၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးကျော်မြင့်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းတို့က သီလ၀ခန်းမအား ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကြသည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ခန်းမဆိုသည်မှာ စုဝေးရာ၊ တိုင်ပင်ရာ၊ နှီးနှောရာ နေရာတစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် မြို့တိုင်းမြို့တိုင်းအတွက် မရှိမဖြစ် လိုအပ်သော အင်္ဂါရပ်တစ် ခုဖြစ်ပါကြောင်း၊ အလားတူ ရွာများတွင်လည်း ရွာလယ်ဇရပ်၊ ဘုန်းကြီးကျောင်းဇရပ် စသည်ဖြင့် တစ်ခုခုတွင် စုဝေးတိုင်ပင်ဆွေးနွေးကြသည့် အလေ့အကျင့်များ ရှိရန်လိုအပ်ပါကြောင်း။
ခန်းမကြီးရှိလာပြီဖြစ်သည့်အတွက် မြို့မှတာဝန်ရှိသူများက ယင်းခန်းမကြီးတွင် ဆွေးနွေး တိုင်ပင်ဆုံးဖြတ်ကြပြီး တာဝန်အသီးသီးကို ခွဲဝေတာဝန်ယူကြခြင်း၊ တာဝန်ရှိသူများနှင့် တာဝန် သိသူများ ပေါင်းစပ်ခြင်းဖြင့် များစွာသောအကျိုး ရရှိမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြို့တော်ခန်းမ တွင် မိမိမြို့နယ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအကျဆုံးဖြစ်သည့် ပညာရေးကိစ္စ၊ ကျန်းမာရေး ကိစ္စများကို မည်သို့ဖြေရှင်းရမည်ကို တိုင်ပင်ဆွေးနွေး ကြရမည်ဖြစ်ပါကြောင်း၊ ယနေ့ခန်းမဖွင့်ပွဲနှင့် အတူ ကျန်းမာရေးကိစ္စဖြစ်သည့် စေတနာမွန်ကုသိုလ်ဖြစ်ဆေးခန်း၊ ဗဟုသုတဖွံ့ဖြိုးရေးကိစ္စဖြစ်သည့် စာကြည့်တိုက်နှင့် မြို့နယ်ပညာရည်မြင့်မားရေးကိစ္စဖြစ်သည့် ပညာရေးဖောင် ဒေးရှင်းတို့၏ နှစ်ပတ်လည်နှင့် တိုက်ဆိုင်၍ ဖွင့်လှစ်ခြင်းသည် မြို့အတွက် အလွန်မင်္ဂလာရှိပါကြောင်း။
အားလုံးကိုယ်စီကိုယ်စီ မိမိမြို့ကို ဖွံ့ဖြိုးတိုးတက်စေချင်ကြသည့်စိတ်ရှိကြပါကြောင်း၊ ယခုကဲ့သို့ ဖွံ့ဖြိုးတိုး တက်ရန် ဆောင်ရွက်ကြသည့်အခါတွင် တစ်ယောက်တစ်မျိုး အကြိုက်တစ်မျိုးစီ ဖြစ်နေကြသည်ထက် စာလျှင် အားလုံးစုပေါင်းသည့် ဆန္ဒများဖြင့် အဖြေရှာမှသာ မြို့အတွက် အကောင်းဆုံးသော အဖြေကိုရ ရှိမည်ဖြစ်ပါကြောင်း၊ ခန်းမသည် အလှကြည့်ရန်၊ ဂုဏ်ယူရန်၊ ဝံ့ကြွားရန်၊ မင်္ဂလာအခမ်းအနား ပွဲများကျင်းပရန် အတွက်သာ မဟုတ်ပါကြောင်း၊ ယခုခန်းမကြီး အား မြို့နယ်အတွက် အကျိုးရှိသောကိစ္စများတွင် အသုံးချနိုင်ရေးအတွက် ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် မန္တလေးမြို့တော်ဝန် စည်ပင်သာယာရေးဝန်ကြီး ဦးအောင်မောင်းက  ဂုဏ်ပြု အမှာစကား ပြောကြားပြီး လူမှုထူးချွန်ပညာရေးဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးဇော်မင်းစိုးက နှစ်ပတ်လည်အစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ သီလဝါခန်းမဖြစ်မြောက်ရေးအတွက် Air Con  ()လုံးနှင့် ငွေကျပ်(၂၅)သိန်း လှူဒါန်းသော MGM ကုမ္ပဏီပိုင်ရှင် ဦးတင်ဦး၊ ငွေကျပ်သိန်း(၅၀)လှူဒါန်းသော အမျိုးသားကြီးပွား တိုးတက်ရေးကုမ္ပဏီ၊ နာရီလှူဒါန်း သော လှိုင်သာယာစက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင် တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ယင်းနောက် လူမှုထူးချွန်ပညာရေးဖောင်ဒေးရှင်းအတွက် လှိုင်သာယာစက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ငွေကျပ်သိန်း(၁၀၀) ရမည်းသင်းအသင်း(ရန်ကုန်)မှ ငွေကျပ်()သိန်း၊ ကိုကျော်သီဟနှင့် မရီရီမွန်တို့က ငွေကျပ်()သိန်း၊ ဦးမျိုးသန့်နှင့် ဒေါ်တင်ညွှန့်ရွှေတို့က ငွေကျပ် ()သိန်းတို့ကို ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
 ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသည် ကျောက်ဖူးကျေးရွာ အခြေခံပညာအလယ် တန်းကျောင်းဖွင့် ပွဲအခမ်း အနားသို့ တက်ရောက်၍ အလယ်တန်းကျောင်းဆိုင်းဘုတ်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုနီ၊ တိုင်းဒေသကြီးဝန်ကြီး ဦးအောင်မောင်းနှင့် ဦးကျော်မြင့်၊ ခရိုင်ပညာရေးမှူး ဦးစန်းဌေးမောင်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဖွင့်အမှာ စကားပြောကြားရာတွင် ယခုအခါ နိုင်ငံတော်အစိုး ရအနေဖြင့် ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍများတွင် ဘတ်ဂျက်များကို အဆများစွာ တိုးမြှင့်သုံးစွဲ ထားပါ ကြောင်း၊ ထို့ကြောင့် တစ်နိုင်ငံလုံးရှိကျောင်းများ အဆင့်တိုးမြှင့်ခြင်း၌ အလျင် အမြန်ဆောင်ရွက် လာနိုင်သည်ကို တွေ့ရပါကြောင်း၊  ထို့အတူ မိဘများကလည်း ပညာကို လိုလား စွာဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်သည် ကိုလည်း တွေ့ရပါကြောင်း။
ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကလိုအပ်ချက်သည် ပညာရေးနှင့်ကျန်းမာရေး ဖြစ်ပါကြောင်း၊ ပညာသည် ထူးထူးခြားခြား သိရှိခြင်းဟုလည်း ပြန်ဆို၍ရသကဲ့သို့ အမောဟလည်း ဖြစ်ပါကြောင်း၊ မောဟဆို သည်မှာ အမှန်ကို မသိဘဲ အမှားကို တလွဲသိရှိခြင်း၊ အမောဟ ဆိုသည် မှာ အမှန်ကိုအမှန်အတိုင်း သိရှိခြင်း ဖြစ်ပါကြောင်း၊ အမှန်ကို အမှန်အတိုင်းသိရှိမှသာ ဘ၀တွင် ရင်ဆိုင်တွေ့ကြုံဖြေရှင်းရမည့် ပြဿနာပေါင်း များစွာကို ဖြေရှင်းနိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့ ဖြေရှင်းနိုင်မှသာ လူဘောင်ဘ၀များ တစ်ဆင့်ပြီးတစ်ဆင့် မြင့်မားမည်ဖြစ်ပါကြောင်း။
ထို့ကြောင့် ပညာကို အားကိုးရမည်ဖြစ်ပါကြောင်း၊ ပညာကိုအားကိုးသည့်အခါ မိသားစု အလိုက် မိမိကလေး များကို ဂရုစိုက်ရုံသာမက မိမိကျေးရွာရှိ ကျောင်းနေအရွယ်ကလေး အားလုံး ကျောင်းနေနိုင်အောင်၊ ပညာကိုဆုံး ခန်းတိုင် သင်ကြားနိုင်အောင် ဝိုင်းဝန်းစောင့်ရှောက် ကူညီပါဝင် ကြရန် လိုအပ်ပါကြောင်း၊ ယခုခေတ်သည် ပညာခေတ်ဖြစ်ပါကြောင်း၊ ပညာမတတ်လျှင် မည်သူ့ကိုမျှ ယှဉ်နိုင်မည်မဟုတ်ပါကြောင်း၊ ပညာရေးနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ရရှိအောင် အစိုးရပိုင်းက ဆောင်ရွက်နေသကဲ့သို့ မိဘများအပိုင်း အနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။
ကျန်းမာရေးနှင့်ပတ်သက်၍လည်း ကျန်းမာရေးအသိပညာရှိကြရန် အရေးကြီးပါကြောင်း၊ ကျောင်းများတွင် ကျန်းမာရေးနှင့်ပတ်သက်၍ ပညာပေးခြင်း၊ ကာကွယ်တားဆီးခြင်းလုပ်ငန်းများ ကို ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာသည်နှင့်အမျှ ရေထု၊ လေထု၊ မြေထု ထဲတွင်ရှိသည့် အပူချိန်သိပ် သည်းဆများ ပြောင်းလဲလာသည့်အတွက် ရောဂါအသစ်အဆန်း များ ပေါ်ပေါက်လာသည်ကို တွေ့ရပါကြောင်း၊ ယင်းရောဂါများ အန္တရာယ်မှ ကာကွယ်တားဆီးနိုင် ရန် အထူးဂရုပြုရမည်ဖြစ်ပါကြောင်း။
ထို့ကြောင့် ကလေးငယ်များသည် စာကိုသင်ကြားနေရုံဖြင့် မရတော့ဘဲ ကျန်းမာရေး လေ့ကျင့်ခန်းများ လုပ်ကြရန် လိုအပ်လာပါကြောင်း၊ ကလေးငယ်များ၏ ကျန်းမာရေးကို ဆရာ၊ ဆရာမများက အမြဲလေ့လာေ စာင့်ကြည့်သင့်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ကြိုးစား ပမ်းစား သင်ကြားသော်လည်း ကျန်းမာရေးမပြည့်စုံသည့် ကလေးသည် သင်ကြားမှုကို အပြည့်အဝ ရရှိနိုင်မည်မဟုတ်ပါကြောင်း၊ ထို့ကြောင့် ကျန်းမာရေးကို လည်း ဂရုစိုက်ရမည်ဖြစ်သည့်အတွက် မိဘ၊ ကျောင်းသား၊ ဆရာများတွင် ကျန်းမာရေး အသိပညာများ ရှိကြရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားသည်။  
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တောင်သုံးလုံးဆရာတော်နှင့် ဒါယကာများ မှ ငွေကျပ်(၉၁)သိန်းနှင့် ကျောက်ဖူးကျေးရွာမှ ငွေကျပ်သိန်း(၂၀) လှူဒါန်းခြင်းတို့အတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကို အလှူရှင်များ ကိုယ်စား ကျောင်းအုပ်ဆရာမကြီး ဒေါ်မြလေးနှင့် ကျောင်းအကျိုးတော်ဆောင် ဦးဝင်းမောင်ထံ ပေးအပ်သည်။
ထို့နောက် ကျောင်းအုပ်ဆရာမကြီးက ကျောက်ဖူးကျေးရွာအခြေခံပညာ အလယ်တန်း ကျောင်းသမိုင်း အကျဉ်းကို ရှင်းလင်းတင်ပြပြီးနောက်  ကျေးဇူးတင်စကား ပြောကြားခဲ့သည်။                                                                                                                                         
              

No comments:

Post a Comment