Home

Thursday, January 29, 2015

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ အဆင့်မြင့်ကော်မတီ အစည်းအဝေး တက်ရောက်ရန် ထိုင်းနိုင်ငံသို့ ထွက်ခွာ



ရန်ကုန် ဇန်နဝါရီ ၂၉

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည်  ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပမည့် ထားဝယ်အထူးစီးပွားရေးဇုန် နှင့် ဆက်စပ်စီမံကိန်းဧရိယာ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ တတိယအကြိမ် မြန်မာ-ထိုင်း ပူးတွဲအဆင့်မြင့်ကော်မတီ အစည်းအဝေး တက်ရောက်ရန် ယနေ့ နံနက် (၈း၄၀) နာရီတွင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ ထွက်ခွာသွားသည်။


ဒုတိယသမ္မတနှင့် ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ တိုင်းဒေသကြီး အစိုးရအဖွဲဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံရုံးမှ သံရုံးယာယီ တာဝန်ခံနှင့်  တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက် ကြသည်။


ဒုတိယသမ္မတနှင့်အတူ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊  ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြသည်။

No comments:

Post a Comment