Home

Wednesday, January 28, 2015

ရေကြောင်း သတိပေးထုတ်ပြန်ချက်

နေပြည်တော် ဇန်နဝါရီ ၂၇
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက် ရှိသော OPHIR ENERGY PLC ကုမ္ပဏီသည် ရခိုင်ကမ်းလွန် လုပ်ကွက်အမှတ် AD 3 တွင်3 D Seismic တိုင်းတာရေး လုပ်ငန်းများအား တိုင်းတာရေး ရေယာဉ် SANCO SWORD ဖြင့် ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ မေ ၁ဝ ရက် အထိ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

3 D Seismic Survey လုပ်ငန်းများ ဆောင်ရွက်မည့် ဧရိယာ တည်နေရာများမှာ Point(A) မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၁၅ မိနစ် ဝဝ စက္ကန့်၊ အရှေ့ လောင်ဂျီတွဒ် ၉၂ ဒီဂရီ ဝ၉ မိနစ် ဝဝ စက္ကန့်၊ Point (B) မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၁၅ မိနစ် ဝဝ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၁၄ မိနစ် ဝဝ စက္ကန့်၊Point (C)မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ ၃ဝ မိနစ် ဝဝ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၂၁ မိနစ် ဝဝ စက္ကန့်နှင့် Point (D) မြောက် လတ္တီတွဒ် ၁၇ ဒီဂရီ ၃ဝ မိနစ် ဝဝ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ဝ၉ မိနစ် ဝဝ စက္ကန့်အတွင်း ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ရခိုင်ကမ်းလွန် လုပ်ကွက်အမှတ် AD 3 တွင် 3 D SANCO SWORD လုပ်ငန်းများကို တိုင်းတာရေး ရေယာဉ် SANCO SWORD ဖြင့် ဆောင်ရွက်နေစဉ် ကာလအတွင်း လုပ်ငန်းများ နှောင့်နှေး ကြန့်ကြာမှု မဖြစ်ပေါ်စေရေး အတွက် ဖော်ပြပါ လုပ်ငန်းခွင်ဧရိယာမှ လေးကီလိုမီတာ ပတ်လည် အတွင်းအား ရေကြောင်း သတိပေးချက် (Notice to Mariners) ထုတ်ပြန် ကြေညာထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်း သွားလာခြင်း၊ ကျောက်ချ ရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်း မပြုလုပ်ကြရန် အသိပေး ကြေညာအပ်ပါသည်။

(ငါးလုပ်ငန်းဦးစီးဌာန)

No comments:

Post a Comment