မြင်းခြံ သြဂုတ် -၃
တက္ကသိုလ်ဝင်တန်းအား ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများ၊
ဘက်စုံထူးချွန်သူ ကျောင်းသား/ကျောင်းသူ များ၊ မြင်းခြံ ဒီဂရီကောလိပ်နှင့် အစိုးရနည်းပညာ
ကောလိပ်မှ ထူးချွန်ကျောင်းသား/ကျောင်းသူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့သော
ဆရာ/ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို သြဂုတ်လ (၃) ရက်နေ့ နံနက် (၈း၁၀) နာရီအချိန်က
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ မဏိကဉ္စန ခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင်ရှေးဦးစွာ တောင်သာမဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊
ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဌ၊ သီရိပျံချီ ဦးအောင်သောင်းမှ
(၁၃) ကြိမ်မြောက် ပညာ ရည်ချွန်ဆုချီးမြှင့်ခြင်းနှင့် ပညာရေးမြှင့်တင်နေမှုများအကြောင်းကို
ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမျိုးသားလွှတ်တော်ရေးရာကော်မတီနှင့်
လွှတ်တော်အုပ်ချုပ်မှု မူဝါဒဆိုင်ရာ ကော်မတီဥက္ကဌ ဦးဇော်ဖေမြင့်မှ ပညာရေး၏ အရေးပါမှုများကို
ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပညာရည်ချွန်ဆုချီးမြှင့်ခြင်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးအောင်သောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မြင့်ဖေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးဝင်းမြင့်၊ မန္တလေး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးဝင်းမောင်၊ မန္တလေးတိုင်းဒေသကြီး
စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးအောင်ဇံ မြင်းခြံခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်သင်းအောင်၊
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်၊ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင် များနှင့်
ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီအတွင်းရေးမှူး၊ မြို့နယ် အထောက်အကူပြုအဖွဲ့ဝင်များနှင့်
ဖိတ်ကြားထားသော ဧည့်သည်များမှ ဆုများ အသီးသီးချီးမြှင့်ခဲ့ပါသည်။
မြင်းခြံမြို့နယ်မှ တက္ကသိုလ်ဝင်တန်းတွင် (၅)
ဘာသာဂုဏ်ထူးရှင် (၆) ဦး ၊ (၄) ဘာသာဂုဏ်ထူးရှင် (၁၀)ဦး ၊ (၃)ဘာသာဂုဏ်ထူးရှင် (၂၀) ဦး
၊ (၂) ဘာသာဂုဏ်ထူးရှင် (၄၁) ဦး ၊ (၁) ဘာသာဂုဏ်ထူးရှင် (၇၈) ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ(၁၅၅)
ဦးနှင့် အစိုးရနည်းပညာကောလိပ်မှ မြန်မာပြည်တစ်ပြည်လုံး ပထမဆုရရှိသူ မမြတ်မြတ်မွန်
အပါအဝင် မြင်းခြံဒီဂရီကောလိပ်နှင့် အစိုးရနည်းပညာကောလိပ်မှ ထူးချွန် ကျောင်းသား/ကျောင်းသူများကို
ဂုဏ်ပြုဆုငွေကျပ်(၅၅) သိန်း (၈) သောင်း ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်၍ ပညာ ရေးမှူးနှင့်
ကျောင်းအုပ်ဆရာမကြီးများ၊ ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့သော ဆရာ/ဆရာမများအား ဂုဏ်ပြု
ဆုများချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ မြင်းခြံခရိုင်ပညာရေးမှူး ဦးတင်ဝင်းမှ
ပညာရေးလုပ်ငန်းဆောင်ရွက်ချက်များအား ဆွေးနွေးတင်ပြခဲ့ပြီး၊ မြို့မိမြို့ဖ ဦးသိန်းအောင်မှ
ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သော
(၅) ဘာသာဂုဏ်ထူးရှင်၊ လူရည်ချွန်နှစ်ထပ်ကွမ်း မောင်ကျော်ဇင်မြင့် မှ ကျေးဇူးတင်ဝမ်းမြောက် စကား
ပြန်လည်ပြောကြားခဲ့ပါသည်။
အဆိုပါဆုချီးမြှင့်ပွဲသို့ ဖိတ်ကြားထားသူများ၊
ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ
စုစုပေါင်း(၁၁၀၀) ကျော် တက်ရောက်ခဲ့ပြီး အခမ်းအနားကို နံနက် (၁၀း၂၀) နာရီအချိန်တွင်
ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
No comments:
Post a Comment