Home

Tuesday, April 29, 2014

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် နိုင်ငံတော် ဩဝါဒါစရိယဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တဉာဏအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဆက်ကပ်

နေပြည်တော်-ဧပြီ(၂၉)
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် ယမန်နေ့နံနက် (၁၀)နာရီခွဲတွင် ကယားပြည်နယ် လွိုင်ကော်မြို့ ကုန်းသာကျေးရွာရှိ ကုန်းသာတောင်မော့ ပရဟိတ (ဘုန်းတော်ကြီးသင်ပညာရေး)ကျောင်းသို့သွားရောက်၍ နိုင်ငံတော် ဩဝါဒါစရိယဆရာတော် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘဒ္ဒန္တဉာဏအား ဖူးမြော်ကြည်ညိုပြီး အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်
လှူဒါန်းကြသည်။
ယင်းလှူဒါန်းပွဲသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့်အတူ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာ ကျေးလက်လူမှုဘ၀ မြှင့်တင်ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်၊ အမျိုးသားလွှတ်တော် ကယ်ဆယ်ရေးနှင့် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာခင်ရွှေနှင့် ကော်မတီဝင်အမျိုးသားလွှတ်တော် ကိုယ်စားလှယ် များ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ တိုင်းရင်းသားကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး လှူဒါန်းရခြင်းအကြောင်းကို လျှောက်ထားတင်ပြသည်။ ယင်းနောက် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ ဦးသိန်းဇော်နှင့် ဒေါက်တာခင်ရွှေတို့က အလှူငွေနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

အမျိုးသားလွှတ်တော် ကယ်ဆယ်ရေးနှင့် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီဥက္ကဋ္ဌက ကယားပြည်နယ်အတွင်းရှိ ဘာသာရေး၊ ပညာရေး၊ လူမှုရေးအဖွဲ့အစည်းများကို အလှူငွေနှင့်ထောက်ပံ့ပစ္စည်း တန်ဖိုး စုစုပေါင်းငွေကျပ်သိန်း (၁၅၀၀)ခန့် လှူဒါန်းခဲ့ပြီး ယင်းကုန်ကျငွေများကို ဇေကမ္ဘာကုမ္ပဏီလီမိတက်က လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment