Home

Wednesday, April 30, 2014

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူ ရေးနှင့် အာဆီယံအသိုက်အဝန်း ထူထောင်ရေးဆိုင်ရာ ထိပ်သီးနှင့် ဆက်စပ်အစည်းအဝေး ကျင်းပရေး ကော်မတီ၏ သတ္တမအကြိမ် အစည်း အဝေးကျင်းပ

နေပြည်တော် ဧပြီ ၂၉
၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူ ရေးနှင့် အာဆီယံအသိုက်အဝန်း ထူထောင်ရေးဆိုင်ရာ ထိပ်သီးနှင့် ဆက်စပ်အစည်းအဝေး ကျင်းပရေး ကော်မတီ၏ သတ္တမအကြိမ် အစည်း အဝေးကို ယနေ့ ညနေ ၃ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟို ဌာန၌ ကျင်းပသည်။

ရှေးဦးစွာ အစည်းအဝေး သဘာပတိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏ မောင်လွင်က အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၁၄ အာဆီယံ အစည်းအဝေးများ ကျင်းပရန် တစ်ပတ်ခန့်သာ လိုပါတော့ကြောင်း၊ ထို့အတွက် မကြာမီဆောင်ရွက်ရတော့ မည်ဖြစ်သဖြင့် ဆပ်ကော်မတီ အသီးသီးအား အပြီးသတ်ခေါ်ယူခြင်း ဖြစ်ပါကြောင်း၊ ဗဟိုကော်မတီသို့ လည်းတင်ပြထားပြီး အတည်ပြုချက် လည်းရယူပြီးဖြစ်ပါကြောင်း၊ အာဆီယံ အစည်းအဝေးများ ကျင်းပမည့် MICC တွင် ဆပ်ကော်မတီအသီးသီးမှ လည်း ကဏ္ဍအလိုက် ပြင်ဆင်လျက်ရှိ ပါကြောင်း။
LO၊ SO များအနေဖြင့်လည်း MICC ၏ဖွဲ့စည်းတည်ရှိပုံကို ကျွမ်း ကျွမ်းကျင်ကျင်ရှိစေရန် လေ့လာရ မည်ဖြစ်ပါကြောင်း၊ လိုအပ်ချက်များကို ဆပ်ကော်မတီများအနေဖြင့် ပေါင်းစပ် လုပ်ကိုင် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ တည်းခိုမည့်ဟိုတယ် များကိုလည်း ဗဟိုကော်မတီမှ ကြည့်ရှုလမ်းညွှန်မည် ဖြစ်ပါကြောင်း၊ ဆပ်ကော်မတီ အသီးသီးအနေဖြင့် လုပ်ငန်းအောင်မြင်စေရေးအတွက် အစီအစဉ်တကျ စီမံဆောင်ရွက် သွားကြရန်လိုအပ်ပါကြောင်း၊ ကြိုဆို ရေး၊ ဧည့်ခံကျွေးမွေးရေးနှင့် သယ်ယူ ပို့ဆောင်ရေးစသည့် ကဏ္ဍရပ်များတွင် စနစ်တကျ ပူးပေါင်းဆောင်ရွက်သွား နိုင်ရန်လိုအပ်ပါကြောင်းဖြင့် ပြော ကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်ကြူနှင့် ဒုတိယ ဝန်ကြီး ဒေါက်တာစန်းလွင်တို့က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း ဆိုင်ရာများနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးကြသည်။
ယင်းနောက် ဆပ်ကော်မတီ အသီးသီးမှဥက္ကဋ္ဌများက မိမိတို့ဆိုင်ရာ ကဏ္ဍများအလိုက် အကြောင်းအရာ ကိစ္စရပ်များအပေါ် ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက အထွေ ထွေကိစ္စရပ်များကို ဝိုင်းဝန်း ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဆွေးနွေးတင်ပြ ချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည် များကို ပြန်လည်ဆွေးနွေးခဲ့သည်။

No comments:

Post a Comment