နေပြည်တော် နိုဝင်ဘာ ၁၄ ရက်
အိန္ဒိယနိုင်ငံ၊ ဂိုအာမြို့တွင် (၃) ကြိမ်မြောက် Goa Maritime Conclave 2021 (GMC-2021) ကို နိုဝင်ဘာလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင် ဦးဆောင်သည့်ကိုယ်စားလှယ် အဖွဲ့တက်ရောက်ခဲ့သည်။
အဆိုပါ Goa Maritime Conclave ကို အိန္ဒိယနိုင်ငံရေတပ်မှ
၂ နှစ်တစ်ကြိမ် အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ယခုနှစ်တွင်
အိန္ဒိယရေတပ် Naval War College မှ တာဝန်ယူကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ကာ
အိန္ဒိယနိုင်ငံ ကာကွယ်ရေး အတွင်းဝန် Defence Secretary Dr. Shri Ajay Kumar၊ နိုင်ငံခြားရေးအတွင်းဝန် Foreign Secretary Mr. Harsh Vardhan Shringla နှင့် အိန္ဒိယ
ရေတပ်ဦးစီးချုပ် Admiral Karambir Singh တို့က အဖွင့်မိန့်ခွန်းများ
အသီးသီး ပြောကြား၍ အခမ်း အနားအားဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် တက်ရောက်လာသော ရေတပ်ဦးစီးချုပ်များမှ Maritime
Security and Emerging Non-Traditional Threats: A Case for Proactive Role for IOR Navies နှင့် ပတ်သက်၍ တည်ငြိမ်
အေးချမ်းသည့် အိန္ဒိယသမုဒ္ဒရာ Peaceful India Ocean ဖြစ်စေရန်အတွက်
ရေကြောင်းမူဝါဒဆိုင်ရာ သဘောထားအမြင်များကို နိုင်ငံအလိုက် ဆွေးနွေးခဲ့ကြသည်။ ထိုသို့ ဆွေးနွေးရာတွင် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်မှ
အိန္ဒိယသမုဒ္ဒရာ၏ မဟာဗျူဟာ အချက်အခြာကျမှု၊ အခွင့် အလမ်းနှင့်စိန်ခေါ်မှုများ၊ ရေကြောင်းလုံခြုံရေးဆိုင်ရာ
ကိစ္စရပ်များတွင် တပ်မတော်(ရေ)မှ တက်ကြွစွာ
ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊ အိန္ဒိယသမုဒ္ဒရာအတွင်း သမားရိုးကျ မဟုတ်သော လုံခြုံရေးခြိမ်းခြောက်မှုများကို
Navy to Navy Staff Talks၊ Coordinated Patrol၊
Bilateral နှင့် Multilateral ပူးပေါင်း၍ ဖြေရှင်း
ဆောင်ရွက် နိုင်မည့်နည်းလမ်းများအား ဖော်ထုတ် ဆွေးနွေးခဲ့ပြီး
Comom Maritine Priorities in IOR အားထုတ်ပြန်ကြေငြာခဲ့သည်။
ဆက်လက်၍ ဆွေးနွေးပွဲသို့တက်ရောက်လာကြသော အငြိမ်းစား ရေတပ်ဉီးစီး
ချုပ်များ၊ ရေတပ်အရာရှိကြီးများ၊ သံအမတ်ကြီးများနှင့် ကျွမ်းကျင်ပညာရှင်များမှ Maritime
Security and Emerging Non-Traditional Threats ခေါင်းစဉ်အား လည်းကောင်း၊ မြန်မာနိုင်ငံအပါအဝင်
နိုင်ငံပေါင်း ၂၂ နိုင်ငံမှ ဆက်ဆံရေး ကိုယ်စား လှယ်အရာရှိများပါဝင်ဖွဲ့စည်းထားရှိသည့်
Information Fusion Centre – Indian Ocean Region (IFC-IOR)
မှ ၂၀၂၁ခုနှစ်အတွင်း အိန္ဒိယသမုဒ္ဒရာအတွင်း၌ ဖြစ်ပွားခဲ့ သော သမားရိုးကျမဟုတ်သည့်
ခြိမ်းခြောက်မှုများအပေါ် လေ့လာ သုံးသပ်ခြင်း၊ ပင်လယ်ရေကြောင်းလုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက်
သတင်း အချက်အလက်ဖလှယ်ခြင်း၏အရေးပါမှုများအားလည်းကောင်း ဆွေးနွေးခဲ့ကြသည်။
ခရီးစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်
ဦးဆောင် သော ကိုယ်စားလှယ် အဖွဲ့သည် သီရိလင်္ကာနိုင်ငံ ရေတပ်ဦးစီးချုပ် Vice Admiral Nishantha Ulugetenne နှင့် လည်းကောင်း၊
အိန္ဒိယရေတပ် အနောက်ပိုင်း ရေတပ် ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး Vice
Admiral R. Hari Kumar၊ တောင်ပိုင်း ရေတပ်ကွပ်ကဲမှုဌာနချုပ်၊
ဌာနချုပ်မှူး Vice Admiral Anil Kumar Chawla၊ ရေကြောင်းတိုင်းတာရေးဌာနမှ Chief Hydrographer ဖြစ်သူ
Vice Admiral Adhir Arora နှင့် တွေ့ဆုံပြီး အပြန်အလှန် အမြင်ချင်း
ဖလှယ် ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် Mormugoa Port Terminal ဆိပ်ကမ်းရှိ အိန္ဒိယရေတပ်၏ရေငုပ်သင်္ဘောကယ်ဆယ်ရေးရေယာဉ်
Deep Submergence Rescue Vessel-DSRV သို့လည်းကောင်း၊ Kolkata
Class ဒုံးပျံတင် ဖျက်သင်္ဘော
INS Kochi (D64) သို့လည်းကောင်း၊ Goa Shipyard Limited သင်္ဘောကျင်းသို့လည်းကောင်း၊ အိန္ဒိယရေတပ်၏ လေတပ်အခြေစိုက်စခန်း INS
Hansa သို့ လည်းကောင်း၊ Naval Aviation Museum သို့လည်းကောင်း သွားရောက်လေ့လာ ကြည့်ရှုကြရာ တာဝန်ရှိသူများက
လိုက်လံရှင်းလင်း ပြသခဲ့ကြောင်းသတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment