Home

Sunday, November 14, 2021

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အမှတ်(၂)စက်မှု သင်တန်းကျောင်း (မန္တလေး)နှင့် မန္တလေးတိုင်းဒေသကြီးစက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံ

 



 

နေပြည်တော်    နိုဝင်ဘာ   ၁၄

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် နိုဝင်ဘာ (၁၃) ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးရှိ အမှတ်() စက်မှုသင်တန်းကျောင်း (မန္တလေး) နှင့် မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် အမှတ်()စက်မှု သင်တန်းကျောင်းအုပ်ကြီးနှင့်  မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူးတို့က ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှုများ ကို ရှင်းလင်တင်ပြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက အမှတ်()စက်မှုသင်တန်း ကျောင်း (မန္တလေး) လုပ်ငန်းသစ်စီမံကိန်းတွင် CNC စက်များ အသစ်ထပ်မံ ဖြည့်တင်းမည် ဆိုပါက မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ စက်မှုလုပ်ငန်းများနှင့် စက်မှုဝန်ကြီးဌာနရှိ စက်ရုံများ၏ လိုအပ်ချက်နှင့် ကိုက်ညီမှုရှိရန် လိုအပ်ကြောင်း၊ သင်တန်းများကို အသစ်တိုးချဲ့ဖွင့်လှစ်ပါက ဒေသတွင်းလိုအပ်ချက် စာရင်းများ ကောက်ယူဆောင်ရွက်စိစစ်ပြီးမှ လိုအပ်ချက်အတိုင်း တိုးချဲ့ဖွင့်လှစ်ရန် လိုအပ် ပါကြောင်း၊ သင်တန်းသားများအား Certificate of Competency - COC နှင့် Certificate of Proficiency- COP အား ခွဲခြားသိရှိနိုင်ရေး ရှင်းလင်းပေးရန် လိုအပ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေးဦးစီးဌာနနှင့် အမှတ်()စက်မှု သင်တန်းကျောင်း (မန္တလေး)တို့ ချိတ်ဆက်ဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနအနေဖြင့် ဥပဒေ ()ရပ်ဖြင့် လုပ်ငန်းများဆောင်ရွက်ရမည်ဖြစ်ပြီး အဆိုပါဥပဒေ()ရပ်အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ(၂၉)နှင့် ပုဒ်မ(၃၀) တို့ကိုလည်း သိရှိလိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဌာနတစ်ခုချင်း အလိုက် အလုံးစုံအရည် အသွေးစီမံခန့်ခွဲမှု (Total Quality Management) စနစ်ထူထောင်ပြီး လုပ်ငန်းစွမ်းဆောင်နိုင်မှုအညွှန်းကိန်း (Key Performance Indicator - KPI) များ သတ်မှတ်ဆောင်ရွက်ရန်၊ ဘွိုင်လာစစ်ဆေးရေး ဌာနအနေဖြင့် သက်တမ်း နှစ်(၁၀၀) အထက်ရှိ ဘွိုင်လာများ၏ ဓာတ်ပုံမှတ်တမ်းများပြုစုတင်ပြသွားရန်၊ SME လုပ်ငန်းများ၏ လိုအပ်ချက်များကို မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ရန်နှင့် နည်းပညာပံ့ပိုး ပေးမှုများအား လက်တွေ့တွင် အသုံးချနိုင်ရေး ဆောင်ရွက်ရန်၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိထိရောက်ရောက် အောင်မြင်ရန် ဖြည့်ဆည်း ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း။

နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း အရည်အသွေးပြည့်မီသော ပြည်တွင်းထုတ်ကုန်များ ထုတ်လုပ်ရန်  လမ်းညွှန်မှာကြားထားသဖြင့် အရည်အသွေးပြည့်ဝသော ထုတ်ကုန်များ ထုတ်လုပ်သည့် စက်ရုံများ ဖြစ်ရန်လိုအပ်ကြောင်း၊  အရည်အသွေးပြည့်ဝပြီး အာမခံချက် ရှိသော စက်ရုံများ ဖြစ်စေရေးအတွက် Quality Management (Quality of an Organization) CAPA Root Cause Analysis Risk Management နှင့် Ministry of Industry’s Role in Industrial 4.0 များကို ဝန်ထမ်းများအားရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment