နေပြည်တော် နိုဝင်ဘာ ၁၀
အရည်အသွေးပြည့်ဝပြီး လုပ်ငန်းကျွမ်းကျင်သော ဝန်ထမ်းကောင်းများ ဖြစ်လာစေရန် အတွက် “လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းဖွင့်ပွဲ” အခမ်းအနားကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန အနေဖြင့် ဌာန၏ မျှော်မှန်းချက်နှင့်အညီ လုပ်ငန်းတာဝန်များ ဆောင်ရွက်သည့်နေရာတွင် ပြည်သူလူထု၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေး အတွက် အမှန်တကယ် အလုပ်အကိုင် ဝင်ငွေရရှိစေမည့် အသက်မွေး ဝမ်းကျောင်းပညာ ကာလတိုသင်တန်းများကို ဖွင့်လှစ်ဆောင် ရွက်လျက်ရှိသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက ဝန်ထမ်းများ ရုံးလုပ်ငန်းတာဝန်အပြင် နည်းပြတာဝန်များကိုပါ ထမ်းဆောင်ကြရသည့် ဝန်ထမ်းများဖြစ်၍ ရုံးလုပ်ငန်းများကို ကျွမ်းကျင်တတ်မြောက်ကြရမည်ဖြစ်သကဲ့သို့ နည်းပြတစ်ဦး ပီသစွာ မိမိသင်ကြား ပေးရမည့် ဘာသာရပ်များတွင် ကျွမ်းကျင်နေရန် လိုအပ်သည့်အတွက် ယခုကဲ့သို့ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ပေး ခြင်းဖြစ်ကြောင်း၊ ကျေးလက်ဒေသများအထိ ဖွင့်လှစ်ဆောင်ရွက်ပေးမည့် သင်တန်းများဖြစ်၍ ကျေးလက်ဒေသများအထိ သင်တန်းများ သွားရောက်ဖွင့်လှစ် ပေးမည့် သင်တန်းနည်းပြများသည် ပြည်သူနှင့်တိုက်ရိုက် ထိတွေ့ရမည် ဖြစ်သည့် အတွက် ဌာနကို ပြည်သူများ အားကိုးယုံကြည်ရန် သင်တန်းနည်းပြများတွင် တာဝန်ရှိ ပါကြောင်း၊ သင်တန်နည်းပြများအနေဖြင့် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင်တတ်မြောက်အောင် လေ့ကျင့်သင်ယူရန်လိုအပ်ပါကြောင်း၊ ရောက်ရှိရာ နေရာ ဒေသအသီးသီးတွင် တာဝန်ထမ်းဆောင်သည့်အခါ ဆရာ့ကျင့်ဝတ်ကို သတိပြုလိုက်နာ ကြရန်လိုကြောင်း၊ တစ်ဦးချင်း စွမ်းဆောင်ရည်ရှိမှ မိမိအကျိုး၊ ဌာနအကျိုး၊ နိုင်ငံအကျိုး သယ်ပိုးနိုင်မည်ဖြစ်သည့်အတွက် စွမ်းအား ရှိသလောက် ကြိုးစားဆောင်ရွက် ကြပါရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းသို့ ရုံးချုပ်၊ ယွန်းပညာကောလိပ်၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာ သိပ္ပံ၊ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများနှင့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (၁၃) ကျောင်းတို့မှ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၄၅) ဦး တက်ရောက်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းသားများ၏ အိပ်ဆောင် များနှင့် သင်တန်းခန်းမကိုလည်းကောင်း၊ ပျဉ်းမနားမြို့နယ် သမဝါယမ အသင်းစုပိုင် သုခမြိုင်မိုတယ်ကို လည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment