Home

Monday, November 15, 2021

ကလပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားသို့ တက်ရောက် ဆုချီးမြှင့်ပြီး ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုတေးသီချင်း ပြိုင်ပွဲသို့ ယှဉ်ပြိုင်နိုင်ရေးအတွက် ကချင်တေးဂီတပညာရှင်များနှင့် တွေ့ဆုံ

 

မြစ်ကြီးနား     နိုဝင်ဘာ    ၁၅

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ကချင်ပြည်နယ်အားကစားနှင့် ဆက်ကော်မတီမှ ကြီးမှူးကျင်းပသည့်ဆောင်းရာသီ အားကစားပွဲတော်အထိမ်းအမှတ် ကလပ်အသင်းပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားအား ယမန်နေ့နံနက် ၁၁ နာရီအချိန်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ နောင်ရာဖူဆယ်ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်၀န်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားသူကြီးချုပ် ဦးတူးဂျာ ၊ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများ၊ ဖူဆယ်အားကစား ဆပ်ကော်မတီမှ တာ၀န်ရှိသူများနှင့် အားကစားသမားများ တက်ရောက်သည်။


 

ဦးစွာ ပြည်နယ်၀န်ကြီးချုပ်နှင့်အဖွဲ့၀င်များသည် ဖူဆယ်အမျိုးသားအသင်း ဗိုလ်လုပွဲဖြစ်သည့် ထိန်လင်းFCအသင်းနှင့် ကချင်ရီးရဲလ်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားနေမှုအား အားပေးကြည့်ရှူသည်။ ယင်းနောက် ပြည်နယ်၀န်ကြီးချုပ်က Fitness Dance ဖျော်ဖြေရေး အဖွဲ့အား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ပြီး ဖူဆယ်အားကစားဆပ်ကော်မတီမှ တာ၀န်ရှိသူများက ပွဲဖြစ် မြောက်ရေးအတွက် အဖက်ဖက်မှ ကူညီပေးခဲ့ကြသည့် အလှူရှင်များအား  ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုရ အမျိုးသားနှင့် အမျိုးသမီးအသင်းမှ  အားကစား သမားများအားငွေသားဆုများပေးအပ် ချီးမြှင့်သည်။

ထိုနောက် ပြည်နယ်၀န်ကြီးချုပ်၊ ပြည်နယ်တရားသူကြီးချုပ်နှင့်ပြည်နယ်၀န်ကြီးများမှ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော အမျိုးသား/အမျိုးသမီး အသင်းများမှ အားကစားသမား များအား တစ်ဦးချင်းလည်ဆွဲ၊ငွေသားဆုနှင့် တံခွန်ဆိုက်ဆုဖလားများအား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ ကြရာ ဆုရအားကစားသမားများက လက်ခံရယူခဲ့ကြပြီး ပြည်နယ်၀န်ကြီးချုပ်နှင့် အဖွဲ့၀င်များက ဖူဆယ်အားကစားဆပ်ကော်မတီမှ တာ၀န်ရှိသူများ၊ ဆုရအားကစားသမားများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။       

ယင်းဖူဆယ်ဘောလုံးပြိုင်ပွဲတွင်အမျိုးသား ၁၆ သင်း အမျိုးသမီး ၆ သင်း စုစုပေါင်း၂၂သင်း ပါ၀င်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ကချင်ပြည်နယ်၀န်ကြီးချုပ်နှင့် အဖွဲ့၀င်များသည် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရ အဖွဲ့ရုံး မလိခခန်း၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြု တေးသီချင်း ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကချင်အနုပညာရှင် အသင်းချုပ်မှ တေးဂီတ ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးသည်။

ဦးစွာ ပြည်နယ်၀န်ကြီးချုပ်ကလာမည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကျရောက်မည့် (၇၅)နှစ် မြောက်စိန်ရတု ပြည်ထောင်စုနေ့ဟာ မိမိတို့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် ဂုဏ်ယူစရာ နေ့ထူးနေ့မြတ်ဖြစ်ကြောင်း၊ (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အဖြစ်ကျင်းပ မည့် ''တူယှဉ်နွဲပျော်ဂီတပွဲတော်''ဂုဏ်ပြုတေးသီချင်းပြိုင်ပွဲဟာ  စိန်ရတုပြည်ထောင်စုကို ပြည်သူများ မှတ်မှတ်ထင်ထင်သိရှိပြီး စစ်မှန်သော ပြည်ထောင်စု စိတ်ဓာတ် ပိုမိုထွန်းကားပြန့်ပွား စေရန်နှင့် ကိုဗစ်-၁၉ကပ်ရောဂါကာလအတွင်း ကိုယ်၊ စိတ် ပင်ပန်းနွမ်းနယ်နေသည့် ပြည်သူများအား ဖျော်ဖြေမှုပေးနိုင်ရန် ရည်ရွယ်ပြီး ပြုလုပ်ခြင်း ဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် ကချင်ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများနှင့် ကချင်အနုပညာရှင် အသင်းချုပ်မှ တာ၀န်ရှိသူများက ဂုဏ်ပြုတေးသီချင်းပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြိုင်ပွဲအတွက် သင့်တော်သည့် အဆိုရှင်ရွေးချယ်နိုင်ရေးနှင့် အထွေထွေကိစ္စရပ်များအား တင်ပြဆွေးနွေးခဲ့ပြီး တင်ပြမှုများအပေါ် ပြည်နယ်၀န်ကြီးချုပ်က အဆိုပါပြိုင်ပွဲနှင့် သင့်တော်သော ပါရမီရှိသည့် အဆိုရှင် ကောင်းများအား  အတွေ့အကြုံရှိသော ကချင်ဂီတ အနုပညာရှင်များက ရွေးချယ်စီစစ် ပေးရန်လိုအပ် ကြောင်း၊ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရာတွင် အောင်မြင်မှုရရှိစေရေးအတွက် ကော်မတီများ စနစ်တကျ ဖွဲ့စည်းကာအချိန်မီ ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။ အဆိုပါ ပြိုင်ပွဲအား နို၀င်ဘာလ ၂၆ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၁ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် တစ်ခုလျှင် အသက် ၁၈နှစ်မှ အသက် ၅၀ အတွင်းရှိ အဆိုရှင် ()ဦးနှုန်းဖြင့် စုစုပေါင်း(၄၅)ဦး ဝင်ရောက်ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment