နေပြည်တော် နိုဝင်ဘာ ၉
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးကျော်မြင့်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေး ရေးအဖွဲ့သည် ယနေ့တွင် ကော့သောင်း အကျဉ်းထောင်နှင့် ကော့သောင်းမြို့ပေါ်ရှိ ရဲစခန်း၊ တရားရုံး အချုပ်ခန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ကြည့်ရှုစစ်ဆေးစဉ်ကော်မရှင်
ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများကို အုပ်စုလိုက်ခွဲ၍
တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့် ဆုံးရရှိမည့် အခွင့်အရေးဖြစ်သောထောင်ဝင်စာ တွေ့ဆုံရာတွင်
အခက်အခဲ ရှိ၊ မရှိ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိခြင်း ရှိ၊ မရှိ၊ ကျန်းမာရေး
စောင့်ရှောက်မှု ရှိ၊ မရှိ အကျဉ်း ထောင် အချုပ်ခန်းများ အတွင်း ညှဉ်းပန်းနှိပ်စက်မှု
ရှိ၊ မရှိနှင့်နေထိုင် စားသောက်မှုများကို မေးမြန်း မှတ်တမ်းတင်ခြင်း၊ တစ်ဦးချင်း တွေ့ဆုံလိုသူ
အကျဉ်းသားအကျဉ်းသူ၊ အချုပ်သား အချုပ်သူများနှင့် တွေ့ဆုံကာ ၎င်းတို့၏တင်ပြချက်များကို
မှတ်တမ်းတင်ခဲ့သည်။
ကော့သောင်း
အကျဉ်းထောင်ကို ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား အကျဉ်းသူ အချုပ်သား အချုပ်သူ အိပ်ဆောင်များ၊
Quarantine 32cədy&ap: တိုက်ခန်းများ၊ ဆေးရုံဆောင်၊ စာကြည့်တိုက်၊
စားဖိုကြီး၊ ရိက္ခာစတို၊ သောက်ရေနှင့် သုံးရေကန်များ၊ မိလ္လာများ သန့်ရှင်းမှု ရှိ၊
မရှိနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိ မှုများကို ကြည့်ရှုစစ်ဆေးခဲ့ သည်။ ကော်မရှင်မှ အကျဉ်းထောင်
စာကြည့်တိုက်အတွက် ဗဟုသုတ ရဖွယ်ရာ (သုတ၊ ရသ၊ ဘာသာ ရေး၊ ကျန်းမာရေး) စာအုပ်စာပေ အုပ်ရေ
၂၀၀ ကို အကျဉ်းထောင် တာဝန်ရှိသူများထံ လှူဒါန်းခဲ့သည်။
အဆိုပါအဖွဲ့၏
ခရီးစဉ် အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးနိုင်ရေး
အတွက် သက်ဆိုင်ရာသို့ ပေးပို့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment