Home

Wednesday, January 31, 2018

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီးအားတွေ့ဆုံ

နေပြည်တော် ဇန်နဝါရီ ၃၁
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာနိုင်ငံ ဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီး Mr. Nicholas Coppel နှင့်အဖွဲ့အား ယနေ့ညနေ(၄)နာရီ(၁၅)မိနစ်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်စဉ်များကြောင့် တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သူများ ပြန်လည် လက်ခံရေးအတွက် စီစဉ်ဆောင်ရွက်မည့် လုပ်ငန်းအဆင့်ဆင့်နှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်နေမှု၊ မြန်မာ-သြစတြေးလျ နှစ်နိုင်ငံအကြား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နားလည်မှုစာချွှန်လွှာ လက်မှတ်ရေးထိုး အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ဌာနဝန်ထမ်းများအတွက် စွမ်းရည်မြှင့် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးမည့် အစီအစဉ်နှင့် နယ်စပ်ဒေသထိန်းချုပ်ရေးဆိုင်ရာ အတွေ့အကြုံများ မျှဝေ ဖလှယ်ပေးနိုင်ရေး ဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ သည်။

(သတင်းစဉ်)

No comments:

Post a Comment