Home

Wednesday, January 24, 2018

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းခြံစည်းရိုး အုတ်တတိုင်းကာခြင်းလုပ်ငန်း အရည်အသွေးပြည့်မီရေး စစ်ဆေး

ပုလဲ ဇန်န၀ါရီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၅၅၀ ဒသမ ၉ သိန်းဖြင့် ရုံးဝန်း ခြံစည်းရိုး အုတ်တံတိုင်း+သံပန်း၊ သံပန်းတံခါးကာရံခြင်းလုပ်ငန်း (၁၈၀၀ပေ) ကို ဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ  ဦးတိုးတိုးဝင်း၊ မြို့နယ်လုပ်ငန်း အရည်အသွေးစစ်ဆေးရေး အဖွဲ့ခေါင်းဆောင် လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးချစ်ဆွေနှင့်ဌာနဆိုင်ရာများက ဇန်န၀ါရီ ၂၃ ရက် ညနေ ၄ နာရီက လုပ်ငန်းအရည်အသွေး ပြည့်မီစေရေးအတွက် စစ်ဆေးခဲ့ကြောင်း သိရသည်။

ပုလဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်းက လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပုလဲမြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ  ဦးတိုးတိုးဝင်းနှင့် မြို့နယ်လုပ်ငန်း အရည်အသွေးစစ်ဆေးရေး အဖွဲ့ခေါင်းဆောင်လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးချစ်ဆွေတို့က အုတ်တံတိုင်း + သံပန်း၊ သံပန်းတံခါး ကာရံခြင်းလုပ်ငန်း (၁၈၀၀ပေ) တွင် အုတ်၊သဲ၊ကျောက်များ သံချောင်းများ၊ ဘိလပ်မြေအိတ်များကို အရည်အသွေး ပြည့်မီစွာဖြင့် အချိုးအစားမှန်ကန်အောင် အသုံးပြုဆာင်ရွက်ရန်၊ အင်ဂျင်နီယာ တွက်ချက်မှုပါ ပုံစံအတိုင်း စံချိန်စံညွှန်း ကိုက်ညီမှုရှိအောင် ဆောင်ရွက်ရန်နှင့် ဘဏ္ဍာနှစ် အတွင်းပြီးစီးရေးကို အားထည့်ဆောင်ရွက်ရန် လိုကြောင်းမှာကြားခဲ့သည်။
ထိုနောက် ပုလဲမြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ  ဦးတိုးတိုးဝင်း၊ မြို့နယ်လုပ်ငန်း အရည်အသွေး စစ်ဆေးရေး အဖွဲ့ခါင်းဆောင်လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးချစ်ဆွေနှင့် ဌာနဆိုင်ရာများက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးဝန်းခြံစည်းရိုး အုတ်တံတိုင်း+သံပန်း၊ သံပန်းတံခါးကာရံခြင်းလုပ်ငန်း (၁၈၀၀ပေ) ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်

No comments:

Post a Comment