Home

Wednesday, May 17, 2017

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ ဖိလစ်ပိုင် နိုင်ငံသို့ ထွက်ခွာ

နေပြည်တော် မေ ၁၆
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ကျင်းပမည့် (၁၄) ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (14th ACDFIM) တက်ရောက်ရန် အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့သည် ယနေ့နံနက် ၉ နာရီ မိနစ် ၅၀ တွင် ရန်ကုန်မြို့မှ ထွက်ခွာကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့အား ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သက်ပုံနှင့် တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံ သံရုံးမှ ယာယီ တာဝန်ခံ Ms. Stephnie Alexis A.Cruz နှင့် တာဝန်ရှိ သူများက ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
အဆိုပါ (၁၄) ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (14th ACDFIM) ကို မေ ၁၇ ရက်မှ ၁၉ ရက် အထိ ကျင်းပသွားမည် ဖြစ်ပြီး အစည်းအဝေး ကာလအတွင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များသည် သီးခြားစီ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment