Home

Sunday, May 21, 2017

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ဖွံဖြိုးတိုးတက်မှုအတွက် ပြုပြင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ညှိနှိုင်း


ရန်ကုန် မေ ၂၀
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းသည် မေ ၂၀ ရက် နံနက် ၉ နာရီတွင် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၊ ရုံးချုပ်အစည်းအဝေးခန်းမ၌ ရန်ကုန်လျှပ်စစ် ဓာတ်အား ပေးရေး ကော်ပိုရေးရှင်းမှ ဥက္ကဋ္ဌနှင့် ဒါရိုက်တာ အဖွဲ့ဝင်များ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် တာဝန်ရှိ သူများအား တွေ့ဆုံ၍ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ဖွံ့ဖြိုးတိုးတက်မှု အတွက် ပြုပြင် ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အလုံမြို့နယ် ကြည်မြင်တိုင်မြို့နယ်နှင့် တောင်ဥက္ကလာပ မြို့နယ် တို့ရှိ မော်တော်ယာဉ်သုံးသဘာဝ ဓာတ်ငွေ့ အရောင်းဆိုင်တို့တွင် မော်တော်ယာဉ်များအား သဘာဝ ဓာတ်ငွေ့ ဖြည့်သွင်းနေမှုတို့ကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။ 

 (သတင်းစဉ်)

No comments:

Post a Comment