နေပြည်တော် မတ် ၂
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချဲယ်နှင့်
အဖွဲ့အား ယမန် နေ့ ညနေ(၄)နာရီခွဲတွင် နေပြည်တော်၊ ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်
ကောင်းမွန် လာစေရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် အနာဂတ်ကာလတွင် ပူးပေါင်းဆောင်ရွက်မှု
များ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက် နိုင်ရေးတို့ကို ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုး၊
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊
အကျဉ်းဦးစီးဌာနနှင့် မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:
Post a Comment