Home

Friday, June 26, 2015

ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၆၉ ရက်မြောက်နေ့ကျင်းပ





နေပြည်တော် ဇွန် ၂၆

ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၆၉ ရက်မြောက်နေ့တွင် ဥပဒေကြမ်း(၇)ခုအား လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

အစည်းအဝေးတွင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီက တင်သွင်းထားသည့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်ရှိသော အပိုဒ်၊ အပိုဒ်ခွဲများအား ပြင်ဆင်ချက် အဆိုတင်သွင်းထားသည့် ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ၊ သာပေါင်းမဲဆန္ဒနယ်မှ ဦးဝင်းသန်းနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ဌေးနိုင်တို့က သက်ဆိုင်ရာ အပိုဒ်၊ အပိုဒ်ခွဲအလိုက် ဆွေးနွေးကြသည်။

ယင်းနောက် ပြည်ထောင်စုဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးက ဆွေးနွေးတင်ပြ ချက်များ အပေါ် ပြန်လည်ရှင်းလင်းဖြေကြားပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

ထို့အတူ ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီက တင်သွင်း သည့် ပြည်ထောင်စုရှေ့နေချုပ် ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း၊ နေပြည်တော်ကောင်စီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်း တို့နှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်ရှိသော အပိုဒ်၊ အပိုဒ်ခွဲများကို ပြင်ဆင်ချက် တင်သွင်းထားသည့် ပြည်သူ့လွှတ်တော်ဥပဒေကြမ်း ကော်မတီနှင့် လွှတ်တော် ကိုယ်စားလှယ် များက ဆွေးနွေးကြပြီး လွှတ်တော်၏ အဆုံး အဖြတ်ရယူ၍ တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုခဲ့ကြသည်။


No comments:

Post a Comment