Home

Sunday, June 28, 2015

မောင်တောမြို့နယ်ရှိ ဒေသခံတိုင်းရင်းသားများကို ဆန်အိတ်များ ထောက်ပံ့

မောင်တော ဇွန် ၂၇
ရခိုင်ပြည်နယ် မောင်တောမြို့ ၌ ဒေသခံ ရခိုင်တိုင်းရင်းသားများ အား ရခိုင်ပြည်နယ်အစိုးရအဖွဲ့က အလှူရှင် များဖြစ်သော ရန်ကုန်၊ စစ်တွေ၊ မောင်တော၊ အမေရိကန်တို့မှ အလှူရှင်များလှူဒါန်းသည့် ဆန် အိတ် ၂ဝဝဝ အား ပေးအပ်လှူဒါန်း ခြင်းကို ဇွန် ၂၅ ရက်က မောင်တောမြို့ ဗဟိုကျောင်းတိုက်၌ ကျင်းပခဲ့ ကြောင်း သိရသည်။

ထို့နောက် ဒေသခံတိုင်းရင်း သားများ ဘဝရပ်တည်မှုရရှိစေရန် စက်မှု အသက်မွေးဝမ်းကျောင်း သင်တန်း ကျောင်းမှ အုပ်ချုပ်မှု ဒါရိုက်တာက ပန်းရန်လက်သမား ဆရာဖြစ် သင်တန်းအကြောင်းကို ရှင်းလင်းခဲ့ကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)

No comments:

Post a Comment