Home

Sunday, June 28, 2015

မကွေးတိုင်းဒေသကြီး မကွေးခရိုင် ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး ဆွေးနွေးပွဲ (အခြေခံပညာကဏ္ဍ)ကျင်းပ




နေပြည်တော် ဇွန် ၂၈
ပညာရေးမူဝါဒ၊ ပညာရေးဥပဒေများနှင့် ပညာရေး စီမံကိန်းများ စဉ်ဆက်မပြတ် အကောင် အထည်ဖော် ဆောင် ရွက် နိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး မကွေးခရိုင် ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ဆွေးနွေးပွဲ (အခြေခံ ပညာကဏ္ဍ)ကို ယနေ့နံနက် ၉နာရီတွင် မကွေးမြို့နယ် အမှတ် ၄ အခြေခံပညာ အထက်တန်းကျောင်း စုဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီ၊ မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အခြေခံပညာဦးစီးဌာန ခေတ္တညွှန် ကြားရေးမှူးချုပ် ဦးအောင်သန်းဦးနှင့် တာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီး ပညာရေး ညွှန်ကြားရေးမှူး ဦးမြင့်သိန်းနှင့် ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ စာပေယဉ်ကျေးမှု အဖွဲ့အစည်းများ၊ ပညာရေးဆိုင်ရာ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ မိဘဆရာအသင်း အဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မြို့နယ်ဖွံ့ဖြိုးမှု အထောက်အကူပြု အဖွဲ့ဝင်များ၊ အငြိမ်းစား ပညာရေးဝန်ထမ်းများ၊ ပုဂ္ဂလိကပညာရေးလုပ်ငန်း ဆောင်ရွက်နေကြသူများ၊ နည်းပညာနှင့် သက်မွေးပညာမှ တာဝန်ရှိသူများ၊ အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းများမှ ကျောင်းအုပ် ကြီးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ မိဘများ၊ အထူးဖိတ်ကြား ထားသူများနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း(၅၂၃)ဦး တက်ရောက်ကြ သည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက အဖွင့်အမှာ စကား ပြောကြားပြီး မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီးက အမှာစကားပြောကြား သည်။
ထို့နောက် တာဝန်ရှိသူများက အခြေခံပညာရေးဥပဒေ(မူကြမ်း)၊ နည်းပညာနှင့် သက်မွေးပညာရေးဥပဒေ (မူကြမ်း)၊ ပုဂ္ဂလိကပညာရေးဥပဒေ(မူကြမ်း)နှင့် ဘက်စုံ လွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ၊ လေ့လာသုံး သပ်ရေုးလုပ်ငန်း အဆင့်(၃)၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း(မူကြမ်း)တို့ကို ရှင်းလင်းဆွေး နွေးကြသည်။
ယင်းနောက် မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်အထောက်အကူပြုကော်မတီဝင် များသည် ရပ်ကွက် ကျေးရွာအလိုက် မူလတန်းကျောင်းအုပ်နှင့် ဆရာ ဆရာမများ၊ ရပ်ကွက်/ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များနှင့် ပူးပေါင်းပြီး ကျောင်းသားမိဘများနှင့် ထပ်ဆင့်တွေ့ဆုံကာ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံရေးအတွက် မိဘပြည်သူများအား အသိပညာပေး စည်းရုံးဆောင်ရွက်နိုင်မှု အခြေအနေနှင့် သန်းခေါင်စာရင်းအရ ဒေသလူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအမြင်ဖြင့် မူကြို၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် အဆင့်မြင့် ပညာလို အပ်ချက်များ၊ Drop Out များအတွက် ကျောင်းပြင်ပ ပညာရေး၊ သက်မွေးပညာရေးလိုအပ်ချက်များ၊ ကျောင်းအခြေခံ အဆောက်အအုံ သင်ထောက်ကူနှင့် ဆရာလိုအပ်ချက်များအား Costed  Plan နှင့် ကိုက်ညီစီမံနိုင်ရန် လိုအပ်ချက်များကိုလည်းကောင်း၊ ပညာရေးမူဝါဒများ၊ အခြေခံ ပညာရေးဥပဒေ(မူကြမ်း)၊ နည်းပညာနှင့် သက်မွေးပညာရေးဥပဒေ(မူကြမ်း)၊ ပုဂ္ဂလိက ပညာရေးဥပဒေ(မူကြမ်း)နှင့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (မူကြမ်း)တို့ကို လည်းကောင်း ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာဖြင့် တက်တက်ကြွကြွ ဆွေးနွေး အကြံပြုကြကြောင်း သတင်းရရှိသည်။


No comments:

Post a Comment