Home

Wednesday, April 1, 2015

ပြည်ထောင်စုလွှတ်တော် (၃၇)ရက်မြောက်နေ့ အစည်းအဝေးကျင်းပ


နေပြည်တော် ဧပြီ 
ပြည်ထောင်စု လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၃၇)ရက်မြောက်နေ့ကို ယနေ့ မွန်းလွဲ(၁)နာရီခွဲတွင် ကျင်းပသည်။
၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် နိုင်ငံတော်၏ အမျိုးသားစီမံကိန်းများ ဆောင်ရွက်ရာတွင် အရည်အသွေးကောင်းပြီး အချိန်မီပြီးစီး အောင်မြင်စေရေးနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ကိစ္စရပ်များ စည်းမျဉ်း စည်းကမ်းနှင့်အညီ ဖြစ်စေရေးအတွက် ကြီးကြပ် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စု လွှတ်တော်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့အား တိုက်တွန်း ကြောင်းအဆိုကို သာကေတမဲဆန္ဒနယ်မှ ဦးမောင်မောင်စိုးက တင်သွင်းရာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လွှတ်တော် က အဆိုကိုအတည်ပြုခဲ့သည်။

အဆိုနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးတင့်က နိုင်ငံတော် ဘဏ္ဍာငွေဖြင့် ဆောင်ရွက် လျက်ရှိသည့် လမ်း၊ တံတား လုပ်ငန်းများကို အကောင်အထည်ဖော်ရာ၌ ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ်မှ စတင်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၏ ညွှန်ကြားချက်နှင့် အညီ တင်ဒါ ခေါ်ယူရေးလုပ်ငန်း ကော်မတီ၊ ကြမ်းခင်းဈေး တွက်ချက်ရေး ကော်မတီ၊ အရည်အသွေး စိစစ်ရေး ကော်မတီများကို အဆင့်ဆင့် ဖွဲ့စည်း၍ ပွင့်လင်းမြင်သာပြီး တိကျသေချာသော တင်ဒါစနစ်ဖြင့် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် တည်ဆောက်ရေး လုပ်ငန်းများ၊ ပစ္စည်းဝယ်ယူရေး လုပ်ငန်းများကို ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်ရာတွင် အိတ်ဖွင့် တင်ဒါစနစ်နှင့် နိုင်ငံတော်အစိုးရအဖွဲ့မှ ညွှန်ကြားထားသည့် “ကန်ထရိုက်စနစ်ဖြင့်လုပ်ငန်းများ ဆောင်ရွက်ရာ တွင် လိုက်နာကျင့်သုံးရမည့် လုပ်ငန်း လမ်းညွှန်ချက်များ” အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဖြင့် ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။
ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်က ဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ၂၀၁၂ ခုနှစ်မှစတင်၍ ဖော်ဆောင်လျက်ရှိရာ အမိန့်ကြော်ငြာစာ ၄၂/၈၆ပါ ဘဏ္ဍာရေးစည်းမျဉ်းများကိုလည်း ခေတ်နှင့် လျော်ညီအောင်ပြင်ဆင်ရေးကို ၂၀၁၅ -၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင်ရည်မှန်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် လစာနှုန်းများတိုးမြှင့်ပေးထား သည်နှင့်အမျှ လစာစရိတ်နှင့် ပတ်သက်သည့် သာမန်အသုံးစရိတ်များကို ပိုမိုဂရုပြု၍ စိစစ်ကြပ်မတ် သွားမည် ဖြစ်ပါကြောင်း၊ ဌာနအဖွဲ့အစည်းအလိုက် အမြဲတမ်းဝန်ထမ်း၊ နေ့စား ဝန်ထမ်းခန့်အပ်မှုများ ကို စိစစ်ခြင်း၊ လုပ်ငန်းပမာဏနှင့် ဝန်ထမ်း အင်အားမျှတမှု ရှိမရှိ၊ အင်အား ဖောင်းပွနေမှု ရှိမရှိ တို့ကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ပုံမှန် ဆောင်ရွက်နေမှုများအပြင် ၂၀၁၄ ခုနှစ် ဩဂုတ်လ ၄ ရက်တွင် နိုင်ငံတော်သမ္မတ ရုံးကဖွဲ့စည်းပေးခဲ့သည့် “ဘဏ္ဍာငွေသုံးစွဲမှု စနစ်တကျ ဖြစ်စေရေးကြီးကြပ်မှု ကော်မတီ”မှလည်း ထပ်ဆင့်၍ သာမန် အသုံးစရိတ်ဆိုင်ရာ ဆပ်ကော်မတီ၊ ငွေလုံးငွေရင်း အသုံးစရိတ် ဆိုင်ရာ ဆပ်ကော်မတီတို့ကို ဖွဲ့စည်းပြီး ဘဏ္ဍာငွေသုံးစွဲမှုများ စနစ်တကျဖြစ်စေရန် စဉ်ဆက်မပြတ် ကြပ်မတ် ဆောင်ရွက်ပေးလျှက် ရှိပါကြောင်း၊ ယခုတင်သွင်းသည့် အရေးကြီးအဆိုတွင် တင်ပြသည့် အတိုင်း မိမိတို့ ဆောင်ရွက်လျှက် ရှိသည်များကို လွှတ်တော်ကိုယ်စား လှယ်များသိရှိနိုင်ရန်နှင့် ဆက်လက်၍ ကြပ်မတ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးသည်။
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ဒုတိယ စာရင်းစစ်ချုပ်ဦးမျိုးမြင့်က ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးအနေဖြင့် အဆိုတွင်ပါရှိသည့် လိုအပ်ချက်များ ယခုထက်ပိုမိုပြည့်စုံရေးအတွက် စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာပြည်ထောင်စုအဆင့် ဌာနအဖွဲ့ အစည်းများနှင့် လွှတ်တော်ဆိုင်ရာ အဖွဲ့အစည်းများ၏ အကူအညီကို လိုအပ်သလိုရယူခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်း၊ စာရင်းဆိုင်ရာ သဘောထား အကြံဥာဏ်များပေးခြင်း၊ လိုအပ်ချက်များ ထောက်ပြ အကြံပြုခြင်းစသည့် နည်းလမ်းများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
 စာရင်းစစ်ရုံး အဆင့်ဆင့်၏ဖွဲ့စည်းပုံ အင်အား၊ ခန့်ထားအင်အားတို့ကို ထမ်းဆောင်ရသည့် လုပ်ငန်းပမာဏ၊ နိုင်ငံတော်၏ ခွင့်ပြုနိုင်သည့် အင်အားပမာဏတို့နှင့် ကိုက်ညှိပြီး ခန့်ထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရှိရင်းစာရင်း စစ်ဝန်ထမ်းများကို အဆင့်ဆင့်သော မွမ်းမံသင်တန်း များပေးခြင်း၊ လုပ်ငန်း လမ်းညွှန်များထုတ်ပြန်ခြင်းဖြင့် တာဝန်ထမ်းဆောင်နိုင်မှု အင်အားကို တိုးမြှင့်ပေးလျှက်ရှိ ပါကြောင်း၊ ဝန်ကြီးဌာန အသီးသီး၏ စာရင်း/ဘဏ္ဍာရေး/ဌာနတွင်း စာရင်းစစ်ဝန်ထမ်းများ အတွက်လည်း စာရင်းကိုင်၊ စာရင်းစစ်၊ ဝန်ထမ်းစည်းမျဉ်း ဘဏ္ဍာရေး စည်းမျဉ်းစသည့် ဘာသာရပ်များကို သင်ကြားပေးရန် အတွက် သင်တန်းအဆင့်(၃) မျိုးကိုလည်း ဖွင့်လှစ် ပို့ချပေးနေပါကြောင်း။

အလားတူ ဝန်ကြီးဌာနများတွင် ပို့ချသည့် သင်တန်းများတွင်လည်း ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ သင်တန်း ကထိက/နည်းပြများ ပါဝင် သင်ကြားပေးသည့် အပြင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ သင်တန်းများတွင်လည်း အခြားဝန်ကြီးဌာနများမှ ကျွမ်းကျင်ပညာရှင်များက ပါဝင်ပို့ချပေးလျက် ရှိပါကြောင်းဖြင့် ဆွေးနွေးခဲ့သည်။

No comments:

Post a Comment