Home

Wednesday, April 1, 2015

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း လောက်ကိုင်ဒေသတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် တပ်မတော်သား များ အားတွေ့ဆုံအားပေး


ပြင်ဦးလွင် မတ် ၃၁
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့ လွှတ်တော် ကော်မတီ ဥက္ကဋ္ဌများ၊ တိုင်းရင်းသား ပါတီများအပါအဝင် နိုင်ငံရေးပါတီများမှ ပြည်သူ့လွှတ် တော်ကိုယ် စားလှယ်များ၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော် ဥပဒေရေး ရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော် မရှင်အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ် တော်ရုံးမှ တာဝန်ရှိသူများ နှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင်  နေပြည်တော် မှ မော်တော်ယာဉ် များဖြင့် ထွက်ခွာခဲ့ရာ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့သို့  ညနေ(၄)နာရီ (၄၅) မိနစ်တွင်ရောက်ရှိကြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အဖွဲ့ဝင်များသည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ်၊ တာဝန်ရှိသူများနှင့် အတူ ပြင်ဦးလွင် တပ်နယ်ရှိ အမှတ် (၁) တပ်မတော် ဆေးရုံ ( ခုတင် ၇၀၀) ဧည့်ခန်းမတွင် ဆေးရုံတပ်မှူးနှင့် ဆရာဝန်၊ သူနာပြုများအား တွေ့ဆုံသည်။
တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တပ်မတော်အနေဖြင့် နိုင်ငံတော်၏ နယ်မြေပိုင်ဆိုင်မှုနှင့် အချုပ်အခြာ အာဏာကို ကာကွယ်စောင့်ရှောက်နိုင်ရေး အတွက် သစ္စာလေးချက်ကို ဦးထိပ်ပန်ဆင်၍ ဆောင်ရွက် လျက်ရှိပါကြောင်း၊ နိုင် ငံတော်နှင့် နိုင်ငံသား အများအကျိုးအတွက် ဆောင်ရွက်နေသည့် တပ်မတော်ဖြစ်၍ နိုင်ငံသားများနည်းတူ လွှတ်တော် ကလည်း လေးစားဂုဏ်ယူလျက်ရှိပါကြောင်း၊ ရှေ့တန်း စစ်မျက်နှာအသီးသီးတွင် အသက်ကို မငဲ့ကွက်ဘဲ သက်စွန့်ဆံဖျား တာဝန်ထမ်းဆောင်လျက်ရှိကြသော တပ်မတော် သားများကို ပြည်သူများက ချစ်ခင်လေးစားပြီး ဂုဏ်ယူလျက်ရှိ ပါကြောင်း၊ အများအကျိုးအတွက် တိုင်းပြည်အတွက် တပ်မတော်၏ ဆောင်ရွက်ချက်များကို အသိအမှတ်ပြု ပါကြောင်း။
ယနေ့လာရောက်ရခြင်းမှာ ပြည်သူများ၏ကိုယ်စား လွှတ်တော်က ဂုဏ်ပြုခြင်း ဖြစ်ပါကြောင်း၊ မိမိတို့အဖွဲ့တွင် တိုင်းရင်းသားပါတီများအပါအဝင် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ပါကြောင်း၊ မည်သည့်ပါတီ ပင်ဖြစ်စေ တပ်မတော် အပေါ် လေးစားချစ်ခင် ယုံကြည်လျက်ရှိပါကြောင်း၊ အင်အားတောင့် တင်းပြီး စွမ်းရည် ထက်မြက်သော ခေတ်မီမျိုးချစ် တပ်မတော်အဖြစ် တည်ဆောက်လျက်ရှိရာ တိုင်းရင်းသား ပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု တပ်မတော်ဖြစ်မှသာ နယ်မြေအေးချမ်း သာယာရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ခိုင်မာစွာ တည်ဆောက် နိုင်မည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဒုတိယဥက္ကဋ္ဌ စမ်းချောင်း မဲဆန္ဒနယ်မှ ဦးစိုးဝင်းနှင့် ပအို့ဝ်အမျိုးသား အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဆီဆိုင်မဲဆန္ဒနယ်မှ ဦးဝင်းကိုတို့က လွှတ်တော်ကိုယ်စားလှယ် များကိုယ်စား တပ်မတော်သား များ၏ ရဲဝံ့စွန့်စား ဆောင်ရွက်မှုတို့ကို ဂုဏ်ပြု စကားပြောကြားသည်။
ယင်းနောက်  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များသည်  လတ်တလော ကာလ အတွင်း လောက်ကိုင်ဒေသ တိုက်ပွဲများတွင် နိုင်ငံတော်အတွက် သက်စွန့်ဆံဖျား တိုက်ပွဲဝင်ကြရာမှ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပြီး ဆေးကုသမှု ခံယူလျက်ရှိကြသော တပ်မတော်သား အရာရှိ၊ စစ်သည်များအား တစ်ဦးချင်းစီ တွေ့ဆုံအားပေးကာ ဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့သည်။

No comments:

Post a Comment