Home

Thursday, April 2, 2015

နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ခိုင်မာရေးနှင့် အပြန်အလှန်ပူးပေါင်းဆောင် ရွက်ရေးဆွေးနွေး


နေပြည်တော် ဧပြီ ၁
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အမေရိကန်နိုင်ငံ ကွန်ဂရက်လူနည်း စုခေါင်းဆောင် အောက်လွှတ်တော် အမတ် မစ္စနန်စီပီလိုစီဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၃နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိဧည့် ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသော ဦးသိန်းဆွေ၊ ဦးလှမြင့်ဦး နှင့် ဦးခက်ထိန်နန်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသော ဒေါက်တာဝင်းမြင့်၊ ဒေါက်တာမျိုးအောင်၊ ဒေါ်ခင်သန်းမြင့်၊ ဒေါ်နန်းနွံနှင့် ဒေါ်မိမြင့်သန်း၊ ဥပဒေ ရေးရာနှင့် အထူး ကိစ္စရပ် များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ဒေါ်အေးအေးမူ၊ ပြည်ထောင်စု လွှတ်တော်ရုံးနှင့် ပြည်သူ့ လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူ များတက်ရောက်ကြပြီး ဧည့်သည်တော် အောက်လွှတ်တော် အမတ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့်အတူ မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီး မစ္စတာဒဲရစ် မစ်ချယ်လ် လည်း တက်ရောက်သည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ခိုင်မာ ရေးနှင့်အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဧည့်သည်တော် အောက်လွှတ်တော်အမတ် မစ္စနန်စီပီလိုစီတို့ သည် အမှတ်တရ လက်ဆောင်များအပြန် အလှန်ပေးအပ်ခဲ့ကြသည်။

No comments:

Post a Comment