Home

Saturday, April 4, 2015

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မူကြမ်းကို ညှိနှိုင်းပြုစု ရေးဆွဲပြီးစီးကြောင်း အတည်ပြုချက်အပေါ် လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်၏ သတင်းထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုလွှတ်တော်ရုံး
သတင်းထုတ်ပြန်ချက် (၄/၂ဝ၁၅)
၂ဝ၁၅ ခုနှစ်၊ ဧပြီလ ၃ ရက်
၁၃၇၆ ခုနှစ်၊ တန်ခူးလဆန်း ၁၅ ရက်
တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်မူကြမ်းကို ညှိနှိုင်းပြုစု ရေးဆွဲ ပြီးစီးကြောင်း အတည်ပြုချက်အပေါ် လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်၏ သတင်း ထုတ်ပြန်ချက်

၁။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (Union Peace-Making Work Committee - UPWC) နှင့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(Nationwide Ceasefire Coordination Team - NCCT) တို့သည် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်မူကြမ်းကို နှစ်ဖက်သဘောတူ ညှိနှိုင်းပြုစု ရေးဆွဲ ပြီးစီးကြောင်း အတည်ပြုချက်ကို ၂ဝ၁၅ ခုနှစ်၊ မတ်လ ၃၁ ရက် တွင် လက်မှတ် ရေးထိုးခဲ့ကြပါသည်။
၂။ ထိုသို့ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်မူကြမ်းကို နှစ်ဖက်သဘောတူ ညှိနှိုင်းပြုစု ရေးဆွဲပြီး အောင်မြင်စွာ အတည်ပြု လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်း အပေါ် ပြည်ထောင်စု လွှတ်တော်က ကြိုဆို ထောက်ခံပါကြောင်းနှင့် ပါဝင် ဆောင်ရွက်ခဲ့ကြသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း အားလုံးကို ဂုဏ်ပြု မှတ်တမ်းတင်ပါကြောင်း ထုတ်ပြန် ကြေညာပါသည်။
ပြည်ထောင်စုလွှတ်တော်

No comments:

Post a Comment