Home

Thursday, April 2, 2015

အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုညှိနှိုင်းရေးကော်မတီ အစည်းအဝေးကျင်းပ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း တက်ရောက် အမှာစကားပြောကြား

နေပြည်တော် ဧပြ်ီ ၂
အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုညှိနှိုင်းရေးကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း တက်ရောက် အမှာစကားပြောကြားသည်။

အဆိုပါအစည်းအဝေးသို့ ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရာထူးဝန်အဖွဲ့အဖွဲ့ဝင် ဦးခင်မောင်အေး၊ ဒုတိယ ဝန်ကြီး ဒေါ်လဲ့လဲ့သိန်း၊ ဒုတိယရှေ့နေချုပ်ဦးထွန်းထွန်းဦး၊ ကချင်ပြည် နယ်နှင့် တနင်္သာရီ တိုင်းဒေ သကြီး အစိုးရအဖွဲ့တို့မှ ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ UNDP နှင့် MDRI တို့မှ ကိုယ်စားလှယ်များနှင့် တာဝန် ရှိသူများတက်ရောက်ကြပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် အုပ်ချုပ်ရေးပြုပြင် ပြောင်းလဲ မှုသည် နိုင်ငံရေး၊ စီးပွားရေးစသည့် ကဏ္ဍအားလုံးနှင့် သက်ဆိုင် နေပါကြောင်း၊ အစိုးရသစ်လက်ထက်တွင် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ကြိုးစားပမ်းစား ဆောင်ရွက် နေသော်လည်း ကဏ္ဍအားလုံးကို အချိန်တိုအတွင်း ပြုပြင်ပြောင်းလဲရန် စိန်ခေါ်မှုများစွာ ရှိနေပါ ကြောင်း။
ထို့ကြောင့် ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရန် ချက်ချင်းဆောင်ရွက်ရမည့်ကဏ္ဍနှင့် လွယ်ကူသည့်ကဏ္ဍများကို ဦးစားပေးကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် သက်ဆိုင်သည့် ဝန်ကြီးဌာနများ၊ ပြည်တွင်း ပြည်ပမှ ပညာရှင် များဖြင့် အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုညှိနှိုင်းရေး ကော်မတီကို ဖွဲ့စည်းပြီး ပြုပြင်ပြောင်း လဲရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် လျက်ရှိပါကြောင်း။
ယခင်အစည်း အဝေးများတွင် Quick Win  ရရှိစေရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ များက တင်ပြခဲ့သည့် ပြုပြင် ပြောင်းလဲရန်အတွက် အကြံပြုချက်များကိုညှိနှိုင်းဖြေရှင်း ဆောင်ရွက် ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ လက်တွေ့ ဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက ပြန်လည်တင်ပြရန် လိုအပ်ပါကြောင်း။
ယနေ့အစည်းအဝေးသည် အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရန် ရည်မှန်းချက်၊ ရည်ရွယ် ချက်နှင့် အုပ်ချုပ်ရေးပြုပြင်မှု မူဘောင် (FAR)သတ်မှတ် ရေးဆွဲပြီး ရှေ့လုပ်ငန်းစဉ်များ မြန်မြန် ဆန်ဆန် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကျင်းပ ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ပြည်တွင်း ပြည်ပ အဖွဲ့ အစည်းများနှင့် ပညာရှင်များကလည်း အကူအညီ ပေးရန် အသင့်ရှိနေကြောင်း၊ ကော်မတီအဖွဲ့ဝင်များ အနေဖြင့် ပကတိ အခြေနေအပေါ် အခြေခံ၍  လက်တွေ့ကျကျ ဝိုင်းဝန်းဆွေးနွေးအကြံပြုကြရန် လိုအပ် ပါကြောင်း တိုက်တွန်း ပြောကြားသည်။
အစည်းအဝေးတွင် ကော်မတီတွဲဖက်အတွင်းရေးမှူးက အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှု မူဘောင်ရေး ဆွဲရေး ဆိုင်ရာ အကြံပြုအလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များ၏ ထည့်သွင်း ဆွေးနွေး လိုသည့် အကြံပြုတင်ပြချက်များ အကျဉ်းချုပ်ကို ဖတ်ကြားတင်ပြ သည်။
ထို့နောက် နိုင်ငံတော်သမ္မတ၏အကြံပေး ဒေါက်တာအောင်ထွန်းသက်က အကြံပြုအလုပ် ရုံဆွေးနွေးပွဲနှင့် ပတ်သက်၍ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုမူဘောင်ရေးဆွဲရေး၊ သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သည့် အုပ်ချုပ်မှု စနစ်အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် လိုက်နာဆောင် ရွက်ရ မည့် အချက်များနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် လိုအပ် ချက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင်၊ ဒုတိယ ရှေ့နေ့ချုပ်နှင့် တက်ရောက် လာကြသူများက အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုမူဘောင် အောင်မြင်စွာ ရေးဆွဲနိုင်ရေးအတွက် ဌာန အလိုက် ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။
ထို့အတူ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးများကလည်း အုပ်ချုပ်ရေး ပြုပြင်ပြောင်း လဲရေးနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ အုပ်ချုပ် ရေးပြုပြင် ပြောင်းလဲမှုမူဘောင်ရေးဆွဲနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ထားရှိမှု အခြေအနေများနှင့် ကြုံတွေ့ နေရသည့် အခက်အခဲများကို ဠငိနသ ဃသည်နမနညခငညါ  စနစ်ဖြင့် ပါဝင်ဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ဆွေးနွေးတင်ပြမှုများအပေါ် ပြန်လည် သုံးသပ်ဆွေးနွေးပြီး မိမိတို့ ဆောင်ရွက်နေသည့် အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းများကို ရည်မှန်းချက်၊ ရည်ရွယ်ချက်များ သတ် မှတ်ပြီး မူဘောင်ရေးဆွဲကာ စနစ်တကျဖြင့် လက်တွေ့ကျကျ အကောင် အထည်ဖော် ဆောင်ရွက် နေမှုများကို ပြည်သူများအားလုံး သိရှိနားလည်၍ မိမိတို့နှင့် အတူ လိုက်ပါဆောင်ရွက်နိုင်အောင် တာဝန်ရှိ သူများအားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ကြရန် လိုအပ်ပါကြောင်းဖြင့်ပြောကြားကာ အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ရုပ်သိမ်းလိုက်သည်။ 

No comments:

Post a Comment