Home

Sunday, March 29, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် စင်ကာပူနိုင်ငံ ၀န်ကြီးချုပ်ဟောင်း မစ္စတာ လီကွမ်ယု၏ ဈာပန အခမ်းအနားသို့ တက်ရောက်ရန် ထွက်ခွာ



နေပြည်တော် မတ် ၂၉
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စင်ကာပူနိုင်ငံ ၀န်ကြီးချုပ်ဟောင်း မစ္စတာ လီကွမ်ယု ၏ ဈာပနအခမ်း အနားသို့ တက်ရောက်ရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အဖွဲ့ဝင်များနှင့် အတူ ယနေ့နံနက် ၇ နာရီတွင် နေပြည်တော်မှ အပြည်ပြည်ဆိုင်ရာ  မြန်မာလေကြောင်း အထူးလေယာဉ် ဖြင့် စင်ကာပူနိုင်ငံသို့ ထွက်ခွာသွားသည်။


နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။ 

No comments:

Post a Comment