Home

Sunday, March 29, 2015

ကယားပြည်နယ်ငြိမ်းချမ်းရေးဖော်ဆောင်ရေးဆွေးနွေးပွဲ လွိုင်ကော်မြို့၌ ပြုလုပ်





လွိုင်ကော် မတ် ၂၉
ကယားပြည်နယ်ငြိမ်းချမ်းရေးဖော်ဆောင်ရေးဆွေးနွေးပွဲကို မတ် ၂၈ ရက် နံနက် (၁၁)  နာရီအချိန်တွင် ကယားပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ၊ သမ္မတရုံး ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်ပြီး ပြည်ထောင် စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) မှ ဒုတိယ ဥက္ကဌ ဉီးခူးဦးရယ် ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့က ကယားပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

အဆိုပါဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးအုန်းမြင့်၊ ဦးခင်ရီ၊ ဦးသန်းဌေး၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင် ရေး လုပ်ငန်းကော်မတီမှ အဖွဲ့ဝင်များ၊ ကယားပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ (Myanmar Peace Center) မှ တာဝန်ရှိသူများ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ   (KNPP) မှ ကိုယ်စားလှယ် များ တက်ရောက် ကြောင်းနှင့် ဆွေးနွေးပွဲကို ညနေ(၅)နာရီအချိန်တွင် ကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment