နေပြည်တော်-အောက်တိုဘာ(၁၂)
၂၀၁၄ခုနှစ်
ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အမျိုးသား/ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲကို
ယမန်နေ့နံနက်(၉)နာရီတွင် ချင်းပြည်နယ် ဟားခါးမြို့ရှိ ပြည်နယ် အစိုးရအဖွဲ့ရုံးရှေ့၌
ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ် ကော်မတီဥက္ကဋ္ဌ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးတင့်ဆန်းနှင့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်းတို့က အမျိုးသားနှင့်အမျိုးသမီးပြိုင်ပွဲများကို
သေနတ်ပစ် ဖောက်ကာ တာလွှတ်ပေးကြပြီးပြန်လည်ပန်းဝင်လာမှုကို ကြည့်ရှုအားပေးကြသည်။
ယင်းနောက်
ဆုချီးမြှင့်ပွဲကိုကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသားမီနီမာရသွန်ပြိုင်ပွဲ တတိယဆုရ
မောင်ဒုထန်(မတူပီမြို့နယ်)၊ ဒုတိယဆုရ မောင်မန်ကျမ်း(ဟားခါးမြို့နယ်)၊ ပထမဆုရ မောင်အောင်ဟုန်းထန်
(ကန်ပက်လက်မြို့နယ်)တို့ကို ငွေသားဆုနှင့် ဆုဖလားများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲတွင် တတိယရရှိသော မလှူးထန်(ကန်ပက်လက်မြို့နယ်)၊
ဒုတိယဆုရရှိသော မနိုင်းစိမ်းပိုင် (ကန်လက်ပက်မြို့နယ်)နှင့် ပထမဆုရရှိသော မနိမ်းဟုန်း
(ကန်ပက်လက်မြို့နယ်) တို့အား ငွေသားဆုနှင့်ဆုဖလားများပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍
အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းနှင့် တာဝန်ရှိသူတို့က နှစ်သိမ့်ဆုရရှိကြသူ
များအား ငွေသားဆုများ ပေးအပ်ကြသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ဖိုင်ဇောင်းတင်းနစ်ကွင်း၌ ပြည်နယ်
ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ တင်းနစ်ပြိုင်ပွဲ ကျင်းပယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။
ယင်းနောက်
ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ခိုင်ကမ်းအားကစားခန်းမ၌ ကျင်းပသော
၂၀၁၄ ခုနှစ် ချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား တိုင်းဒေသကြီးနှင့် ပြည်နယ် ကရာတေးဒို
ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားသို့
အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်အဆင့်
ဌာနဆိုင်ရာများ၊ ချင်းတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၊ တိုင်းဒေသကြီးနှင့်
ပြည်နယ်(၁၅)ခုမှ ပြိုင်ပွဲဝင် အသင်းသားများ၊ အားကစားဝါသနာရှင်ပရိသတ်များ တက်ရောက်ကြည့်ရှု
အားပေးကြသည်။
ရှေးဦးစွာ
ပြိုင်ပွဲဝင် အသင်းများ အားကစားရုံအတွင်း ဝင်ရောက်နေရာယူထားကြပြီး ချင်းပြည်နယ်အစိုးရ
အဖွဲ့ဝန်ကြီးချုပ် ဦးဟုန်းငိုင်းက အဖွင့်အမှာစကားပြောကြားကာ တိုင်းဒေသကြီးနှင့်ပြည်နယ်ကရာတေးဒိုပြိုင်ပွဲ
ကိုဖွင့်လှစ်ပေးပြီး မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးတင့်ဆန်းက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ကျင်းပရေးဆိုင်ရာကိစ္စရပ်များအား
မှာကြားသည်။
ဆက်လက်၍
ပြိုင်ပွဲဝင်အသင်းများ အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကာ ပြန်လည်ထွက်ခွာသွားကြပြီး ချင်းတိုင်းရင်းသား
ရိုးရာအကများ၊ ရိုးရာနပန်းသရုပ်ပြနှင့် မြန်မာ့လက်ရွေးစင်ကရာတေးဒို အားကစားသမားများဖြင့်
သရုပ်ပြသကြသည်။
သရုပ်ပြသပွဲများအပြီး
ချင်းပြည်နယ်အားကစားနှင့် ကာယပညာကော်မတီသို့ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီဝင်များ
ဖြစ်ကြသော ဦးအုန်းကျော်(ဥက္ကဋ္ဌ Traithlon အဖွဲ့ချုပ်)က ငွေကျပ် သိန်း(၅၀)၊ ဦးဇော်မိုးနိုင်က
ငွေကျပ်သိန်း(၅၀)၊ ဦးလှမြင့်နှင့် ဦးသောင်းစိန်တို့က ငွေကျပ်သိန်း(၂၀)တို့ကို လှူဒါန်းကြရာ
ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးနန်ဇမုန်ကလက်ခံသည်။
နံနက်ပိုင်းပွဲစဉ်များအပြီးတွင်
ဆုချီးမြှင့်ပွဲကို ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသားခတတစ်ဦးချင်း ပြိုင်ပွဲတွင်
ပထမဆုရ စည်သူထွန်း(နေပြည်တော်ကောင်စီနယ်မြေ)၊ ဒုတိယဆုရ လှမောင်ဦး(ရန်ကုန်တိုင်း ဒေသကြီး)၊
ပူးတွဲတတိယဆုရ ဇော်မျိုးလင်း(ရခိုင်ပြည်နယ်)နှင့် ကျော်ဇင်ဖြိုး(မန္တလေးတိုင်းဒေသကြီး)
အသင်းတို့အား ဆုတံဆိပ်နှင့် ငွေသားဆုများ ချီးမြှင့်သည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက အမျိုးသမီး ခတ တစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရ မအေးအေးခိုင်
(နေပြည်တော်ကောင်စီနယ်မြေ)၊ ဒုတိယဆုရ မသန္တာရန်အောင်(ရန်ကုန်တိုင်းဒေသကြီး)၊ ပူးတွဲ
တတိယဆုရ သက်မှုန်ကြယ်စင်(ပဲခူးတိုင်းဒေသကြီး)နှင့် ချစ်စန္ဒီကို (မကွေးတိုင်းဒေသကြီး)တို့အား
ဆုတံဆိပ်နှင့် ငွေသားဆုများ ချီးမြှင့်သည်။
ယင်းနောက်
ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးရုံးတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များရှိ
အားကစားနှင့် ကာယပညာဦးစီးဌာန ဝန်ထမ်းများအားတွေ့ဆုံမှာကြားကာ ထောက်ပံ့ချီးမြှင့် ငွေများ
ပေးအပ်သည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးသည် မြို့တော်ခန်းမ၌ ကျင်းပသော(၂၁)ကြိမ်မြောက် မြန်မာတိုင်းရင်းသား
တို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း
သတင်းရရှိ သည်။
No comments:
Post a Comment