ရန်ကုန် အောက်တိုဘာ
၅
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်
အာရှယူ-၁၉ ပြိုင် ပွဲ ပြိုင်ပွဲတစ်ခုလုံးအတွက် Special Pakage လက်မှတ်များကို အောက်တို ဘာ ၅ရက်မှစ၍ ရောင်းချပေးလျက်
ရှိသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် သည် ပြိုင်ပွဲတစ်ခုလုံးအတွက်
လက် မှတ်စောင်ရေ ၂၀၀၀ ရောင်းချလျက် ရှိပြီး အောက်တိုဘာ ၇ ရက်အထိ ဘောလုံးအဖွဲ့ချုပ်ဝင်ပေါက်၌
ရောင်းချလျက်ရှိသည်။ ပြိုင်ပွဲတစ်ခုလုံး
အတွက် လက်မှတ်တစ်စောင်ဝယ် ယူပါက မြန်မာအသင်းဂျာစီ
ဥသမနိသသဆင်းကတ်နှင့် မြန်မာအသင်းနှင့် ပတ်သက် သည့်အမှတ်တရပစ္စည်း များလက်ဆောင်ပေးအပ်မည်ဖြစ်သည်။
ပွဲတစ်ပွဲချင်းအလိုက်လက် မှတ်များကို အောက်တိုဘာ ၈ရက် မှစ၍ သုဝဏ္ဏအားကစားရုံ၊ အောင်
ဆန်းကွင်းနှင့်စလင်းကွင်းတို့၌ ရောင်း ချသွား မည်ဖြစ်သည်။ ပွဲတစ်ပွဲချင်းအလိုက်လက်မှတ်များကို
ပွဲမကစားမီ ရက်နှင့် ပွဲကစားမည့်ရက်တို့တွင် ရောင်းချ ပေးမည်ဖြစ်သည်။
ပွဲတစ်ပွဲချင်းအတွက် လက်မှတ် များကို
အထူးတန်းငွေကျပ် ငါးထောင်၊ ရိုးရိုးတန်းငွေကျပ် နှစ်ထောင်နှင့် ပြိုင်ပွဲတစ်ခုလုံးအတွက်
လက်မှတ်ကို ငွေကျပ်ငါးသောင်းသတ်မှတ်ထားသည်။
No comments:
Post a Comment