ရေတာရှည် စက်တင်ဘာ ၁၄ ရက်
တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ၊ ကျောက်ချောင်းကျေးရွာရှိ ပြည်သူများသည် မိမိတို့၏
ပင်မစီးပွားရေးဖြစ်သည့် စပါးစိုက်ပျိုးခြင်းကို အဓိကထားလုပ်ကိုင်လျှက်ရှိပြီး စပါးဈေးကောင်းရရှိအောင်
အစောပေါ်အထွက်နှုန်းကောင်းသည့် စပါးများကို ရွေးချယ်စိုက်ပျိုးလျှက်၇ှိရာ
ယခုအခါကျောက်ချောင်းကျေးရွာမှ
တောင်သူဦးကျော်လွင်၏ စပါးခင်းသည် အထွက်နှုန်းကောင်းပြီး သက်တမ်းနုသည့် ထိုင်ဝမ်စပါးမျိုးများ
စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျှက်ရှိကြောင်း သိရသည်။
"ကျွန်တော်ကလယ်(၁၅)ဧကရှိပါတယ် ထိုင်ဝမ်စပါးကို ၁၀ ဧက ထည့်စိုက်ပါတယ် ဒီစပါးရဲ့သက်တမ်းက
၃လခွဲပဲကြာ လို့ သီတင်းကျွတ်လမပြည့်ခင် ရိတ်သိမ်းရမှာပါ အခုလိုစပါးအစောပေါ်အောင် စိုက်ပျိုးနိုင်လျှင်
ဈေးကောင်း ရပါတယ်။ ဒီစပါးမျိုးကအထွက်နှုန်းလည်းကောင်းပါတယ်၊ စပါးဈေးကလည်း အခြားကောက်လတ်
စပါးတွေနဲ့အတူပဲ ပွဲစားလည်း ကြိုက်လို့ တောင်သူတွေအနေနဲ့ စိုက်ပျိုးသင့်ပါတယ်။
ယခင်နှစ်က ကောက်လတ်စပါးစိုက်တာ အခုလောက် အသီးအား မကောင်းဘူး၊ ၁ဧကကို ၈၅တင်းကျော်ထွက်တယ်၊
အခုဒီစပါးက တင်း(၁၀ဝ)ကျော်ထွက်မယ်လို့ မျှော်မှန်းထားပါတယ်" ဟု ကျောက်ချောင်းကျေးရွာမှ
တောင်သူ ဦးကျော်လွင်က ရှင်းပြသည်။
No comments:
Post a Comment