Home

Saturday, October 4, 2014

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ အီတလီနိုင်ငံသို့ ထွက်ခွာ

ရန်ကုန်-အောက်တိုဘာ ၎
ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်သော  ကိုယ်စား လှယ် အဖွဲ့သည် အီတလီနိုင်ငံ ရောမမြို့၌ကျင်းပမည့် (၈)ကြိမ်မြောက် Asia- Europe Parlianmentary Partnership Meeting (ASEP 8) အစည်းအဝေးတက်ရောက်ရန် ယနေ့ ည(၇)နာရီ(၄၅)မိနစ်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားသည်။





ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးတင်အောင်နှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များက ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ကိုယ်စားလှယ်အဖွဲ့တွင် ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ လွှတ်တော် ကိုယ်စားလှယ် များဖြစ်ကြသော ဦးလှမြင့်ဦး၊ ဦးဌေးမြင့်၊ ဒေါက်တာဝင်းမြင့်၊  ပြည်ထောင်စုလွှတ်တော်ရုံးနှင့် ပြည်သူ့လွှတ်တော်ရုံးတို့မှ တာဝန်ရှိ သူများ လိုက်ပါသွားကြသည်။

No comments:

Post a Comment