Home

Monday, October 6, 2014

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့သို့ထွက်ခွာ

နေပြည်တော်-အောက်တိုဘာ(၆)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ဒုတိယဝန်ကြီး ဦးသန့်ကျော်၊ ဦးဇော်ဝင်း၊ ဒေါက်တာစိုင်းကျော်အုန်း၊ ဒေါက်တာဝင်းမြင့်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် (၉)နာရီခွဲတွင် နေပြည်တော်မှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နန်နင်းမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြသည်။

ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များအား နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦး၊ ဒုတိယဝန်ကြီး ဦးခင်ဇော်၊ ဦးဇင်ယော်၊ ဒေါက်တာဇော်မင်းအောင်နှင့် တရုတ်သံရုံးမှ သံမှူးမစ္စလီရှောင်ရန့်တို့က လိုက်လံပို့ဆောင် နှုတ်ဆက်ကြသည်။

No comments:

Post a Comment