ရန်ကုန် ၊ အောက်တိုဘာလ ၆
ကိုရီးယားနိုင်ငံ (အင်ချွန်မြို့)တွင် စက်တင်ဘာလ (၁၉)ရက်နေ့မှ အောက်တိုဘာလ(၄)
ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်သော (၁၇)ကြိမ်မြောက် အာရှအားကစား ပြိုင်ပွဲတွင်
ပိုက်ကျော်ခြင်း အားကစား နည်းဖြင့် ရွှေတံဆိပ်(၂)ခု၊ ငွေတံဆိပ်(၁)ခုနှင့် ကြေးတံဆိပ်(၁)ခုဖြင့်
အောင်မြင်မှုရရှိခဲ့သော မြန်မာအားကစား အဖွဲ့ခေါင်းဆောင် အားကစားနှင့် ကာယပညာဦးစီးဌာန
ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသက်လွင် ဦးဆောင်၍ မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်း
နှင့်အတူ ပြေးခုန်ပစ်၊ တိုက်ကွမ်ဒို၊ ပြန်ကြားရေးအဖွဲ့၊ ဆေးအဖွဲ့ တို့သည် ယမန်နေ့ည
(၁၀)နာရီခွဲက ကိုရီးယားလေကြောင်း ခရီးစဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့
ပြန်လည်ရောက်ရှိလာရာ
အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူများ GN Sport Myanmar မှ Managin Director နှင့် ဝန်ထမ်းမိသားစုများ၊
၁၀၀ 100 Plus အချိုရည်မှ ဝန်ထမ်းများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပန်းစည်းများကမ်း၍လည်းကောင်း၊
ဆိုင်းဘုတ်များကိုင်ဆောင်၍ လည်းကောင်း၊ 100 Plus အချိုရည်များတိုက်ကျွေး၍လည်းကောင်း
ကြိုဆိုခဲ့ကြပြီး အောင်ပွဲရ ပိုက်ကျော်ခြင်း အသင်းနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြပြီး
100 Plus အချိုရည်မှ တာဝန်ရှိသူများက အောင်ပွဲရ ပိုက်ကျော်ခြင်း အသင်းအား (၁)နှစ်စာ
အချိုရည်များကို ပံ့ပိုးကူညီပေးမည်ဖြစ်ရာ ရွှေတံဆိပ် ဆုရှင် အားကစားသမားများက လက်ခံရယူခဲ့ပါသည်။
အဆိုပါ ASIAN Games အားကစားပြိုင်ပွဲတွင် နိုင်ငံပေါင်း (၅၄)နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်ကာ
မြန်မာနိုင်ငံမှ အားကစားနည်း (၁၀)မျိုးဖြင့် ယှဉ်ပြိုင်ပြီး ပိုက်ကျော်ခြင်း အားကစားနည်း
တစ်မျိုးတည်းက ရွှေတံဆိပ်(၂)ခု၊ ငွေတံဆိပ် (၁)ခုနှင့် ကြေးတံဆိပ်(၁)ခု ဖြင့် နိုင်ငံအလိုက်
အဆင့်(၂၀) ရရှိခဲ့ကြောင်း သတင်း ရရှိခဲ့သည်။




No comments:
Post a Comment