Home

Monday, October 13, 2014

အာဆီယံစီးပွါးရေးအသိုက်ဝန်းထူထောင်ရန် အကောင်ထည်ဖော်ရာ၌ စတုတ္ထအဆင့်သို့ ရောက်ရှိ



၂၀၁၅ ခုနှစ်တွင် အာဆီယံ စီးပွါးရေး အသိုက်ဝန်း (ASEAN Economic Community-AEC) ဖြစ်ပေါ် လာရန် အတွက် အကောင်ထည်ဖော်ရာ၌ လက်ရှိအချိန်တွင် စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာစန်းလွင် က ယနေ့ နံနက် (၉) နာရီက ရန်ကုန်မြို့ ပတ်ခ်ရွိုင်ရယ် ဟိုတယ်၌ "ASEAN Economic Community (AEC) Symposium" ခေါင်းစဉ်ဖြင့် ပြုလုပ်သော ဆွေးနွေးပွဲတွင် ပြေကြားသည်။

AEC အကောင်ထည်ဖော်ရန်အတွက် ဆောင်ရွက်ခဲ့ပြီးသော အဆင့်သုံးဆင့်၌ ကောင်းမွန်သော အကျိုးသက်ရောက်မှု ရှိမရှိ သုံးသပ်ရန်နှင့် ဆက်လက် လုပ်ဆောင်သွားရမည့် ကိစ္စရပ်များအပေါ် ဆွေးနွေးညှိနှိုင်းရန်အတွက် အမျိုးသားစီမံကိန်းနှင့် စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး တို့ ပူးပေါင်းပြီး အဆိုပါ ဆွေးနွေးပွဲကို ကျင်းပရခြင်း ဖြစ်သည်။
အမျိုးသားစီမံကိန်းနှင့်စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာစန်းလွင် က အဖွင့်အမှာစကား ပြောကြားရာ၌ AEC အကောင်ထည် ဖော်ရမည့် အဆင့်သုံးဆင့်၌ ယေဘုယျအားဖြင့် (၈၁) ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီး ဖြစ်ကြာင်း၊  အဓိက ဆောင်ရွက်ရန်ကျန်ရှိနေသည့် အပိုင်းမှာ Free flow of goods(လွတ်လပ်စွာ ကုန်စည် စီးဆင်းမှု) အပိုင်းဖြစ်ကြောင်း၊             အာဆီယံဒေသတွင်း၌ဖွံ့ဖြိုး တိုးတက်မှု ကွာဟ ချက် ကျဉ်းမြောင်း စေရန် နည်းပညာပိုင်း ဆိုင်ရာ၊ စွမ်းရည်မြှင့်တင်ေ၇း ဆိုင်ရာကိစ္စများ၌ ဖြည့်ဆည်းပေး လျက်ရှိကြောင်း၊ အာဆီယံအသိုက်ဝန်းထူထောင် ရာတွင် မြန်မာနိုင်ငံအဖြင့် အဓိက တွေ့ကြုံရသည့် အခက်ခဲ မှာ NSW-National Single Window ဖြစ်ပေါ်လာစေရန် အကောက်ခွန်ပိုင်းနှင့် ပတ်သတ်ပြီး ဆောင်ရွက်စရာများ ကျန်ရှိနေသေးကြောင်း၊ အသေးစား အလတ်စား စီးပွါးရေး လုပ်ငန်းများ အတွက် အကျိုးပြုနိုင်မည့် မူဝါဒပိုင်းဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးကြမည် ဖြစ်ကြောင်း ပြောကြားသည်။
ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ ဗဟိုအလုပ် အမှုဆောင် ဦးမိုးကျော် က အာဆီယံစီးပွါးရေးအသိုက်ဝန်းနှင့် စီးပွါးရေးကဏ္ဍ ခေါင်းစဉ် နှင့် စပ်လျဥ်းပြီး " AEC က လုပ်စရာ အများကြီးလိုသေးပါတယ်။ AEC အောင်မြင်ဖို့အတွက် မိမိအချင်းချင်း တိုင်းပြည်မှာ ဥပမာဆိုရင် မြန်မာလူမျိုးတွေ စင်္ကာပူ၊ မလေးရှား၊ ယိုးဒယားသွားဖို့ ဗီဇာလိုတယ်။ သူတို့လည်း ကိုယ့်တိုင်းပြည် ကို ၀င်ရင် လိုတယ်။ တိုးတက်နေတဲ့ နိုင်ငံတွေက ဗီဇာမပေးချင်ဘူး။ ဒါလေးကို အရင်စဉ်းစားပါ ဆိုတာ ကို ထည့်ဆွေးနွေး ထားတယ်။ နောက်တစ်ခုက အာဆီယံအပေါ် တကယ်ပဲ သူတို့စိတ်ဝင်စားလား။ သူတို့ ရင်းနှီးမျြုပ်နှံဖို့ တကယ် နားလည်လား။ အဲဒါတွေနဲ့ ဆက်စပ်ပြီးတော့ ဆွေးနွေးမှာပါ။" ဟု ဆိုသည်။
ယင်းဆွေးနွေးပွဲ၌ အာဆီယံစီးပွါးရေးအသိုက်ဝန်းနှင့် စီးပွါးရေးကဏ္ဍ  ၊ စီးပွါးရေးလုပ်ငန်းများအပေါ်၌ AEC အကျိုးသက် ရောက်မှုနှင့် အသေးစားအလတ်စားစီးပွါးရေးလုပ်ငန်းများအတွက် အကျိုးပြုနိုင်မည့် မူဝါဒများ စသည့် ခေါင်းစဉ် သုံးခုကို အဓိကထား ဆွေးနွေးကြသည်။

No comments:

Post a Comment