Home

Thursday, September 4, 2014

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဂျာမနီနိုင်ငံဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေး

ဘာလင်-စက်တင်ဘာ(၄)
စက်တင်ဘာ ၃ ရက် မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျာမနီနိုင်ငံဝန်ကြီးချုပ် မစ္စစ် အိန်ဂျယ်လာ မာကယ်က တည်ခင်းဧည့်ခံသည့် အလုပ်သဘော နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့သည်။

ယင်းအလုပ်သဘော နေ့လယ်စာစားပွဲတွင် နိုင်ငံတော်သမ္မတနှင့်ဂျာမနီနိုင်ငံဝန်ကြီးချုပ်တို့သည် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေး၊ အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အသက်မွေးပညာသင် ကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာနှင့်မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများ၊ မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှု၊ စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် စာနယ်ဇင်းကျင့်ဝတ်ဆိုင်ရာ ကိစ္စများ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ရွေးကောက်ပွဲ ဆိုင်ရာကိစ္စများ၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ အာဆီယံနှင့် ဒေသတွင်းဆိုင်ရာ ဆက်ဆံရေးအခြေအနေတို့ကို ဆွေးနွေးခဲ့ကြသည်။ 

No comments:

Post a Comment