Home

Thursday, September 11, 2014

မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြု၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်

သံဖြူဇရပ်     စက်တင်ဘာ  

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သံဖြူဇရပ် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးအောင်ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များ


စုစုပေါင်းအင်အား(၃၃)ဦးတို့သည် ပြည်သူ အကျိုးပြုလုပ်ငန်း အဖြစ် စက်တင်ဘာလ(၆)ရက်နေ့၊ နံနက်(၇)နာရီအချိန်က သံဖြူဇရပ်မြို့နယ်၊ ပြည်သူ့ ဆေးရုံဝင်းအတွင်း၌ ခြုံနွယ်၊ မြက်၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်ခြင်းနှင့် ပတ်ဝန်း ကျင်သန့်ရှင်းရေးတို့ကို စုပေါင်းလုပ်အားပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment