Home

Friday, September 12, 2014

ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့်တွေ့


နေပြည်တော် စက်တင်ဘာ ၁၂
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်အား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာ ဂေါ်တမ်မူခိုပါဒါယသည် စက်တင်ဘာ (၁၂) ရက် မွန်းတည့် (၁၂) နာရီတွင် ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမဆောင်၌ လာရောက်တွေ့ဆုံသည်။


ယင်းသို့တွေ့ဆုံရာ၌ မြန်မာနိုင်ငံတွင် မော်တော်ယာဉ်ထုတ်လုပ်သည့် လုပ်ငန်းများထပ်မံတိုးချဲ့ တည်ဆောက်ခြင်းနှင့် အထည်အလိပ် လုပ်ငန်းများတွင် စက်မှုဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်းဆောင်ရွက် နိုင်ရေး၊ ရခိုင်ပြည်နယ် ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ပုဏ္ဏားကျွန်း စက်မှုဇုန်တို့တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရေး၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးဆိုင်ရာ အထောက်အပံ့များ ကူညီပံ့ပိုးပေးရေးနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment