Home

Tuesday, September 2, 2014

မြိတ်မြို့နယ်၌ မိုးစပါးတွန်တုံးပိတ်စိုက်ပျိုးပွဲ ကျင်းပ

မြိတ် စက်တင်ဘာ ၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့နယ်၏ မိုးစပါးစိုက်ပျိုးရာသီတွင် ထွန်တုံးပိတ်စိုက်ပျိုးခြင်း လုပ်ငန်းကို စက်တင်ဘာ ၁ ရက်က မြိတ်မြို့ စန္ဒဝတ်ကျေးရွာအုပ်စု တောင်သူ ဦးဟိန်းလွင်၏ လယ်၌ ကျင်းပခဲ့သည်။ ထိုစိုက်ကွင်းတွင် ဆင်းသုခမျိုးသန့်စပါးကို



GAP စနစ်ဖြင့် စိုက်ပျိုးခဲ့ပြီး ၎င်းထွန်တုံးပိတ် စိုက်ပျိုးပွဲသည် မြို့နယ်နှင့်ခရိုင်အဆင့် စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ စန္ဒဝတ်ကျေး ရွာအုပ်ချုပ်ရေးမှူးနှင့် တောင်သူ များတက်ရောက်ခဲ့ပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးဌေးဝင်းက မြိတ်မြို့နယ်တွင် စိုက်ပျိုးရန် ဧက ၄၃၃၉၀ လျာထားဆောင်ရွက်ခဲ့ပြီး ထွန်တုံးပိတ်ချိန်တွင် ၄၃၃၄၇ ဧက စိုက်ပျိုး နိုင်ခဲ့၍ ကျန်သည့် ၄၃ ဧကမှာ မြိတ် အဝေးပြေးကွင်း စီမံကိန်းတွင် ပါသွားသည့် ဧရိယာဖြစ်၍ မြိတ်မြို့နယ်တွင် မိုးရွာသွန်းမှုမှာ ယခင်နှစ်များ နှင့်မတူဘဲ နေသာချိန်နှင့် မိုးရွာချိန်မျှတသဖြင့် ဒေသအခေါ် (မိုးပေးကောင်းသဖြင့်) စိုက်ပြီးသမျှအောင် မြင်ဖြစ်ထွန်းပြီး အထွက်နှုန်း လည်း ကောင်း မွန်နိုင်ကြောင်း၊ အပင်ထိန်းသိမ်းရေး ကာလဖြစ်သဖြင့် ပိုးမွှား ရောဂါကာ ကွယ်ခြင်းနှင့် မြေဩဇာ စနစ်တကျ ကျွေးခြင်းများ ဆောင်ရွက်ကြရန် တောင်သူများသို့ ရှင်း လင်းပြောကြားသွားကြောင်း သိရသည်။

No comments:

Post a Comment