နေပြည်တော် - စက်တင်ဘာ ၁၁
အသေးစားဘဏ်
လုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးအား ယမန်နေ့ ညနေ(၃)နာရီတွင် ဘဏ္ဍာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌
ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း တက်ရောက် အမှာစကား ပြောရာတွင်
အသေးစားငွေရေးကြေးရေးလုပ်ငန်းကဏ္ဍ၏ အခြေအနေကို
ပြန်လည်သုံးသပ် ကြည့်လျှင် အတိုင်းအတာ တစ်ခုထိ တိုးတက် ကျယ်ပြန့်ဖြစ်ထွန်း လာသည်ကို
တွေ့ရှိရကြောင်း။
မြန်မာနိုင်ငံ
ကျေးလက်ဒေသ လူဦးရေ၏ ဘဏ္ဍာရေးဝန်ဆောင်မှု ရရှိနိုင်မှုအခွင့်အလမ်းအနေဖြင့် (၁ ဒသမ ၇၂) ရာခိုင်နှုန်းသာ
ရရှိသေးသည်ကိုတွေ့ရှိပြီး အသေးစားငွေရေးကြေးရေးလုပ်ငန်းများသည် မြို့ပြနှင့်လမ်းပန်း
ဆက်သွယ်ရေးကောင်း မွန်သော ဒေသများ တွင်သာ စုဝေးဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း၊ အသေးစား
ငွေရေးကြေးရေး လုပ်ငန်းများ ကျေးလက်ဒေသအထိ ကျယ်ပြန့်စွာရောက်ရှိစေရေးနှင့် ဝင်ငွေနည်းပြည်သူများထံ
အမှန်တကယ်ရောက် ရှိစေရေး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း။
အကျိုးအမြတ်
တစ်ခုတည်းကိုသာ ဦးတည်ခြင်းဖြင့် လူမှုရေးရည်မှန်းချက်မှ သွေဖည်သွားမှုမရှိစေရေး ဂရုပြုကြရန်
လိုအပ်ကြောင်း၊ ရေရှည်တည်တံ့ဖွံ့ဖြိုးသော အသေးစားငွေရေးကြေးရေးလုပ်ငန်းကဏ္ဍဖြစ်စေရေး၊
အခွင့်သာသောစည်းမျဉ်း မူဘောင်ဝန်းကျင်ဖြစ်ပေါ်စေရေးအလေးထား ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း
ဖြင့်ပြောကြားသည်။
ထို့နောက်
မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေးအသင်းဥက္ကဋ္ဌ ပြည်မဟာဝန်ဆောင်မှုကုမ္ပဏီ လီမိတက် မန်နေဂျင်း
ဒါရိုက်တာ ဦးမင်းအောင်နှင့် အစည်းအဝေးတက်ရောက်လာသူများက အသေးစားငွေရေး ကြေးရေး လုပ်ငန်းဆိုင်ရာများနှင့်
ပတ်သက် ၍ ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက လုပ်ငန်းလိုအပ်ချက်များ
ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment