Home

Monday, September 15, 2014

ဆိုင်ကယ်ယဉ်မောင်းလိုင်စင်ဖြေဆိုရာတွင် ကျရှုံးသူဝန်ထမ်းများ ထပ်မံဖြေဆိုရမည်


မန္တလေး စက်တင်ဘာ ၁၄
 
မန္တလေးတိုင်းဒေသကြီး ကုန်း လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် အစိုးရနှင့် ကုမ္ပဏီ ဝန်ထမ်းများအတွက် ရုံးပိတ်ရက်ဖြစ် သည့် စက်တင်ဘာ ရက် (တနင်္ဂနွေနေ့)က ဆိုင်ကယ်ယာဉ်မောင်း လိုင်စင်များ ပြုလုပ်ပေးခဲ့ရာ ကျရှုံး သူများရှိသဖြင့် ပြန်လည်ဖြေဆိုရမည် ဖြစ်ကြောင်း သိရသည်။

မန္တလေးခရိုင်၊ မြင်းခြံခရိုင်၊ ကျောက်ဆည်ခရိုင်တို့တွင် စက်တင် ဘာ ရက်က လာရောက်ဖြေဆိုကြသည့် အဆိုပါ ဝန်ထမ်းစုစုပေါင်း ၇၅၁ ဦးရှိရာ ၁၆၈ ဦး ကျရှုံးသဖြင့်လာမည့် စက်တင်ဘာ ၂၈ ရက်တွင် ပြန်လည်ဖြေဆိုကြရ မည်ဖြစ်သည်။ “လာဖြေသူတွေက ဆိုင်ကယ် စီးတတ်၊ မောင်းတတ်ကြပေမယ့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းမှာ နားမလည်ကြလို့ ကျရှုံးကြတာပါ။
စည်းကမ်းနားမလည်လို့သာ ယာဉ် တိုက်မှုတွေဖြစ်ရတာကြောင့် ယာဉ် စည်းကမ်းနားလည်အောင်၊ လိုက်နာအောင် သေချာစစ်ဆေးပါတယ်ဟု မန္တလေး(ကညန)မှ အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။ ကျရှုံးသူများသည် လာမည့် စက်တင်ဘာ ၂၈ ရက်(တနင်္ဂနွေနေ့) တွင် ဆိုင်ကယ်ယာဉ်မောင်းလိုင်စင် ဖြေဆိုရန် စာရင်းပေးမည့်သူများနှင့်အတူ ပြန်လည်ဖြေဆိုရမည်ဖြစ်ပြီးဖြေဆိုမှုအောင်မြင်မှသာ လိုင်စင်ရရှိ မည်ဖြစ် ကြောင်း၊ အောင်မြင်သူများ၏ ယာဉ်မောင်းလိုင်စင်ကို ကိုယ်တိုင် ဖြစ်စေ၊ ကိုယ်စားလှယ်လွှဲစာနှင့် ဖြစ်စေ ထုတ်ယူနိုင်ကြောင်း သိရသည်။
ဌာနအနေနဲ့က ယာဉ်မောင်း အမှန်တကယ် တတ်မြောက်ဖို့နဲ့ ယာဉ်စည်းကမ်း နားလည်တတ်ကျွမ်း မှသာ လိုင်စင်ထုတ်ပေးတာ ဖြစ်ပါတယ်။ ဘယ်နေ့ဖြေရမယ်ဆိုတာ တစ်ခါတည်း အသိပေးလိုက်ပါတယ်ဟု ၎င်းကဆက်လက်ပြောကြားသည်။
ပြင်ဦးလွင်ခရိုင်၊ ရမည်းသင်း ခရိုင်၊ မိတ္ထီလာခရိုင်တို့တွင် နယ်လှည့် လုပ်ငန်းများ ဆောင်ရွက်ပေးနေရ သဖြင့် လာမည့်စက်တင်ဘာ ၁၅ ရက်တွင် စတင်ပြုလုပ်ပေးသွားမည်ဖြစ်၍ ယင်းနေ့ နံနက် နာရီတွင် စာရင်း ပေးသွင်းကာ သင်တန်းတက်ရောက် ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment