Home

Friday, September 12, 2014

ကျောင်းပေါင်းစုံ ဓမ္မစကြာနှင့် ပဋ္ဌာန်းဒေသနာတော် အကောင်းဆုံး ရွတ်ဆိုမှု ရွေးချယ်ပွဲ ကျင်းပ

သထုံ  စက်တင်ဘာ  ၁၂
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ ဓမ္မစကြ်ာနှင့် ပဋ္ဌာန်းဒေသနာတော် ရွတ်ဆိုမှု အကောင်းဆုံး ရွေးချယ်ပွဲကို စက်တင်ဘာလ ၁၂ ရက် နံနက် ၇ နာရီက သုဝဏ္ဏဘူမိသာသနာ့ ဗိမာန်တော်တွင် ကျင်းပသည်။
အဆိုပါ ရွေးချယ်ပွဲကို ကျောင်းသား ကျောင်းသူများ ယဉ်ကျေးသိမ်မွေ့ပြီး ဘာသာတရားကို ရိုသေမြတ်နိုးသူများ ဖြစ်လာစေရန် အတွက် မော်လမြိုင်မြို့နေ ဦးခင်ဝင်း မိသားစု၏ လှူဒါန်းမှုဖြင့် မြို့နယ်ပညာရေး မိသားစုနှင့် မြို့နယ် သာသနာ့ နုဂ္ဂဟအသင်းတို့ ပူးပေါင်းကျင်းပခြင်း ဖြစ်ပြီး သထုံမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း ကျောင်း ၉ ကျောင်းနှင့် အလယ်တန်းကျောင်း ၄ ကျောင်းတို့မှ ကျောင်းသားကျောင်းသူတို့က ဓမ္မစကြာနှင့် ပဋ္ဌာန်းဒေသနာ တော်များကို ရွတ်ဆိုကြမည်ဖြစ်ကာ အကောင်းဆုံး ရွတ်ဆိုနိုင်သည့် ကျောင်းအား စက်တင်ဘာလ ၁၅ ရက်နေ့တွင် ရွေးချယ်ဂုဏ်ပြုသွားမည်ဖြစ်သည်။


ဖွင့်ပွဲအခမ်းအနားတွင် သထုံမြို့နယ်အုပ်ချုပ် ရေးမှူး ဦးထွန်းထွန်းနိုင်၊ မြို့နယ်ပညာရေးမှူး ဦးသိန်းဝင်း၊ မြို့နယ် သာသနာနုဂ္ဂဟ အသင်း ဥက္ကဋ္ဌ ဦးသိန်းထွန်း နှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ် ဆရာကြီး/ ဆရာမကြီးများ၊ ကျောင်းသားကျောင်းသူများတို့က မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော်ထံမှ သီလခံယူဆောက်တည်ကြပြီး မြို့နယ်ပညာ ရေးမှူးနှင့် မြို့နယ်သာသနာ့နုဂ္ဂဟ အသင်း ဥက္ကဋ္ဌတို့က ရွေးချယ်ပွဲကျင်းပရခြင်း နှင့်စပ်လျဉ်းသည့် သာသနာရေးဆိုင်ရာဆောင်ရွက်ချက်များကို ရှင်းလင်း လျောက်ထားကြကာ  အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဋ္ဌတုရွတ်ဆို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

No comments:

Post a Comment